Zawgyi
" မင်္ဂလာပါ စီအီးအို ဘတ် "
" ဂွတ်ဒ်မောနင်း စီအီးအို ဘတ် "
ကုမ္ပဏီထဲ ခြေချလိုက်သည်နှင့် အသီးသီး ဦးညွှတ်နှုတ်ဆက်လာသည့် ဝန်ထမ်းများကို လက်တစ်ချက်ဝဲကာ ပြန်နှုတ်ဆက်လိုက်ရင်း ဓာတ်လှေကားဆီ လျှောက်လာလိုက်
သည်။" အိုက်စ်ယား..မနေ့က အိပ်မက်ထဲမှာဟယ် ငါ့အလှလေးရောက်လာတာဟ အနီးကပ်ကြီးဟာ ..အရမ်းချစ်ဖို့ကောင်းတာပဲ..
..အဲ့လိုသာနေ့တိုင်းမက်နေရင် ငါတော့ အချိန်ပြည့်အိပ်နေမိတော့မလား မသိဘူး .."
" ငါတော့ အိပ်မက်တောင် ကောင်းကောင်းမမက်နိုင်ပါဘူးဟာဆွဲလက်စ ဒီဇိုင်းတွေ ဒီနေ့အပ်ရမှာလေ အခုတည်းကကျောချမ်းနေပြီဟယ် "
" ဟဲ့ ..ကောင်မတွေ ..တိုးတိုး..ဟိုမှာ ရေခဲဘုရင်ကြီး လာနေပြီဟ "
" ဟဲ့ ငါတို့ စီအီးအိုကလေ ဥစ္စပေါ ရုပ်ချောနော်..
အပြုံးအရယ်နည်းပြီး အေးစက်တာတစ်ခုပဲ ..ဘယ်သူကများဒီလို ရေခဲဘုရင်ကြီးနဲ့ ဖူးစားဆုံမလဲ မသိဘူးနော် .
သိချင်ထှာ..အဟိ "" ဟုတ်တယ် ..ငါရောပဲ သိချင်နေတာ "
" ပြောတာပါဟယ် ...စီအီးအိုက လူပျိုကြီးဖြစ်မယ့် ကံဇာတာပါတယ်ထင်တာပါပဲ ရိုတတ်မယ့်ပုံလဲ မဟုတ်ပါဘူး ..
ကြည့်ပါလား...ရုပ်ကြီးကိုက ..ကြောက်စရာ "
ဓာတ်လှေကား ပွင့်မည့် အချိန်ကိုစောင့်နေတုန်း ကြားလိုက်ရတဲ့ ဝန်ထမ်းကောင်မလေးများ၏ စကားကြောင့် ဆောင်ဟွန်း
မျက်မှောင်ကျုတ်လိုက်မိတယ်..။' သူက ဝန်ထမ်းတွေကြား အတင်းပြောစရာ လူတစ်ယောက်ဖြစ်နေခဲ့တာလား '
ဘေးပတ်ဝန်းကျင်ကို လှည့်ကာ မျက်စောင်းနဲ့ ကြည့်ပေးလိုက်တော့ အခုနက သူ့အကြောင်းပြောနေကြတဲ့ ကောင်မလေးများမှာ သူတို့ မဟုတ်သည့်အတိုင်းပင် မျက်နှာငယ်လေးတွေနဲ့ ပြန်ကြည့်နေကာ စကားသံများ တိတ်ဆိတ်သွား၏။
မတိတ်ရင် ..သူတို့ဘက် တစ်ချက်လှည့်ကြည့်လိုက်သည့် စီအီးအိုရဲ့ အကြည့်က တံလျှက်ထက်ပင် အားပြင်းလွန်းသည်မလား ?...

YOU ARE READING
My Husband Is A Gangster
Fanfiction𝐉𝐚𝐤𝐞𝐡𝐨𝐨𝐧 𝐨𝐫 𝐒𝐮𝐧𝐠𝐣𝐚𝐤𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐚𝐧𝐟𝐢𝐜♡ Review မရေးပေးတော့ဘူးနော် တန်းသာဝင်ဖတ်လိုက်ကြပါ🤗🖤