(Zawgyi)
"မောပန်းလိုက်တာ"ခပ်တိုးတိုးနှင့် လေသံကြားရုံလောက်သာရေရွတ်ပြီး ကောင်းကင်သို့ငေးကြည့်မိသည်။
တဖြည်းဖြည်မှောင်လာတဲ့ကောင်းကောင်းကြီး။နေလုံးကြီးတောင် အနားယူတော့မည့်အချိန်ရောက်တော့မည်။တစ်နေ့လုံး အလင်းရောင်ပေးနေရတော့ သူလည်းပင်ပန်းလှပေါ့။
တိမ်စိုင်တွေက တလိပ်လိပ်နှင့် နေဝင်ခါနီး ညနေဆည်းဆာကသိပ်လှ၏။လယ်ကွင်းပြင်ကြီးဖြစ်တာကြောင့် ကောင်းကင်ကပိုပြီးတော့တောင်လှနေသေးသည်။
တဖြည်းဖြည်းနဲ့ နေလုံးကြီးက အောက်ကိုမြုပ်တော့မလိုဖြစ်တာကြောင့် လယ်တောထဲ လူတစ်ချို့လည်းအိမ်ပြန်ကြကုန်ပြီ။
လက်ကွင်းထဲကရေမြောင်းထဲမှာ ပြေးလွှာကူးခက်နေသည့် ငါးတွေကို ရေစစ်ကလေးနှင့် အသာလေးအုပ်လိုက်ပြီး ဖမ်းလိုက်သည်။မြောင်းသေးသေးလေးဖြစ်တာကြောင့်ရေစစ်နဲ့တင်အဆင်ပြေ၏။
ကျဉ်းမြောင်းသည့် ရေမြောင်းကြောင့် ငါးတွေလည်းအဝေးကြီးမပြေးနိုင်တော့ဘဲ စိုင်းမောင်၏ရေစစ်ထဲကို ပါလာကြတော့သည်။
ရေစစ်ကိုဆွဲပြီး ဘေးနားက ရေပုံးထဲကိုငါးတွေထည့်လိုက်တော့ စုစုပေါင်း၅ကောင်။ ဒီလောက်ဆိုလုံလောက်ပြီ။
ရေပုံးထဲကငါးတွေကတဖျတ်ဖျတ်လူးနေကြပြီး အပြန်ထွက်ရန်ရုန်းကန်နေကြသည်။စိုင်းမောင်သက်ပြင်းချလိုက်ပြီး ဘေးနားက လယ်တွေက လူတွေကိုကြည့်လိုက်တော့ ပြန်ကုန်ကြပြီ။
အချိန်ကစောတော့တာမှမဟုတ်ဘဲ။ ခုလောက်ဆို ညနေ၅နာရီလောက်ရှိပြီမဟုတ်လား။ ရေစစ်ကိုရေပုံးထဲထည့်လိုက်ပြီး ရေပုံးကို လက်မှကိုင်လို့ ဘေးနားက တိုင်မှာမှာချည်ထားသည့် နွား၂ကောင်ဆီကိုသွားလိုက်၏။
"ပြန်တော့မလား စိုင်းမောင်"
ဘေးနားက အောင်သုတရဲ့ အသံကြောင့်သူလှည့်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
"အေး ပြန်တော့မယ် .. မင်းရော မပြန်သေးဘူးလား"
"ခဏနေမှပြန်မှာ .. လက်စသတ်စရာလေးတွေရှိနေလို့"