3

8.3K 1.7K 447
                                    

[Unicode]

'ဝိဉာဉ်ခေါ်ခြင်း'

28.

နောက်တစ်နေ့မနက် အိပ်ရာမှနိုးလာချိန် ဆူးယွီရဲ့ ချောမောလှသည့် မျက်ခုံးများက တွန့်ချိုးနေသည်။

ဧည့်ခန်းအတွင်းရှိ လူအရိုးစုကို ကြည့်ချိန်၌ သူ့မျက်နှာအမူအရာက အလွန်တရာကို ရှုပ်ထွေးနေပုံပေါ်သည်။

သူ လက်ပင့်ပြီး မျက်ရိုးများကို ဖိနှိပ်မိသည်။ လူအရိုးစု ခေါင်းအုံးနှင့် ရိုက်လိုက်တာမို့ မေ့လဲသွားခြင်းက တကယ်ဖြစ်ခဲ့တာလား၊ အိပ်မက်ပင်လား သူကိုယ်တိုင်တောင် မသိတော့။

အကယ်၍ တကယ်သာဆို ဒီအရိုးစု သူ့ကို ဘယ်လောက်တောင် မကျေမချမ်းဖြစ်နေရတာလဲ။

29.

ဆူးယွီ သူ့လက်ကို ပြန်ချကာ ဧည့်ခန်းထဲမှ ရှောင်းပိုင်ကို မျက်နှာချင်းဆိုင်ပြီး ကြည့်လိုက်သည်။ အရင်ကနှင့် တူညီသော သရုပ်ပြအနေအထားအတိုင်းရှိနေဆဲဆိုပေမယ့် အရိုးပဲရှိသည့် သူ့မျက်နှာက ... ဝင့်ကြွားမှုအငွေ့အသက်များရှိနေသလို ခံစားနေရသည်။

30.

ဟွမ့်!

31.

ဖုန်းသံ မြည်လာချိန်မှာတော့ ရင်းနှီးနေကြ နံပါတ်တစ်ခုမှ ဆက်သွယ်လာခြင်းဖြစ်နေသည်။ ဆူးယွီ သူ့မျက်ရိုးကို ဖိနှိပ်နေရင်းနှင့် ဖုန်းဖြေလိုက်သည်။ ဖုန်း၏ တစ်ဖက်ဖြေဆိုသူထံမှ ကြားဖူးနေကြအသံတစ်သံကို ကြားလိုက်ရသည်။ ထိုသူက စကား စမပြောခင် ဦးစွာ သက်ပြင်းချလာသည်။ "ငါ မင်းရှာနေတဲ့လူကို ရှာတွေ့ပြီ။"

ဆူးယွီ 'အွင်း'ဟု အသံပြုပြီးနောက် ကျေးဇူးတင်လိုက်သည်။

ဖုန်းတစ်ဖက်ကသူ ခဏတဖြုတ် တွန့်ဆုတ်ပြီးမှ ပြောလိုက်သည်။ "မင်း သိပ္ပံနည်းလမ်းကျမှုကို ယုံသင့်တယ်။"

"ဒါပေါ့၊ ငါ သိပ္ပံနည်းကျမှုကို ယုံကြည်တယ်။" ဆူးယွီ အသံက တည်ငြိမ်လျက်ပင်။

"ငါရှာနေတဲ့သူကလည်း သိပ္ပံနည်းကျကျ သူ့ဝိဉာဉ်ကို ငါ့ဆီပြန်ခေါ်လာပေးမယ်လို့ ယုံတယ်။"

Telling Ghost Stories At My Ex-boyfriend's Wedding [去前男友婚礼上讲鬼故事]Where stories live. Discover now