[Unicode]
'အပနှင်ဆရာ'
95.
ထိုနေ့က လမ်းမပေါ် လမ်းလျှောက်နေကြသူတိုင်း ကံထူးရှင်များ ဖြစ်လာကြလေသည်။
ပြောရပါက လမ်းမအထက်တွင် လူအရိုးစုက အရိုင်းဆန်ဆန်ပြေးလွှားနေခြင်းဖြစ်သည်။ ဒီလို အင်တာနက်အလည်မှာ ခေါင်းစီးကြီး ပေးနိုင်သည့် မှော်ဆန်ဆန် မြင်ကွင်းမျိုးက နေ့တိုင်း ဖြစ်ပေါ်နေခြင်းမဟုတ်။
96.
ကျွန်တော့်အနောက်တွင်တော့ အရောင်စုံ သက်တန့်ရောင် ဆံပင်တုက လေထဲ တဖြတ်ဖြတ်လွန့်လူးနေပြီး ထိုအနောက်မှာတော့ ဆူးယွီအမည်ရှိသည့် တီရှပ်ဝတ်ထားသည့် လူချောလေးက ကျွန်တော့်အား အပြေးလိုက်နေပြီး နှုတ်မှလည်း ရပ်ဖို့ အော်ခေါ်နေသေးသည်။
လမ်းတစ်လျှောက် ဖြတ်သွားဖြတ်လာအကုန်လုံး ကျွန်တော်တို့အား ကြောင်အအလေး ကြည့်လာကြသည်။
ဒီမြင်ကွင်းက တကယ်ကို ပို ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းလာသည်။
97.
ကျွန်တော့် ဖိနပ်တစ်ဖက်ကလည်း ကျွတ်ကျ ပျောက်ကျန်ခဲ့ပြီး ဦးထုပ်သည်လည်း ဘယ်ဆီရောက်သွားသည် မသိတော့။ ကျွန်တော် အနှစ်၂၀ကျော် အသက်ရှင်ခဲ့ပြီးပေမယ့် ဒီလိုမြန်မြန်ဆန်ဆန် တစ်ခါမှ မပြေးခဲ့ဖူး။ ကျွန်တော် လျှပ်စီးအသွင်ပြောင်းသွားသလိုတောင် ခံစားလိုက်ရသည်။ လမ်းတစ်လျှောက် တဟုန်ထိုး ပြေးထွက်သွားသည်မှာ တာဝေးအပြေးချန်ပီယံ ဆူးယွီတောင်မှ တဖြည်းဖြည်း နောက်ကျကျန်ခဲ့တော့လေသည်။
တစ္ဆေကောင်လေးက ကျွန်တော့်ဘေး မျောလွင့်လာပြီး သူ့နှာခေါင်းကို တွန့်ရှုံ့ပြီး ပြောလာသည်။ "မင်း အခုမှ ရုန်းပြေးနေတော့ကော ဘာအကျိုးထူးမှာလဲ။"
ဆူးယွီကို တွေ့သည်နှင့် ဘာလို့ စိတ်လှုပ်ရှားတကြီး ထပြေးဖြစ်သွားလည်း ကျွန်တော်လည်း သေချာမသိ။ ဖြစ်နိုင်သည်မှာ ကျွန်တော် ဆူးယွီအား မည်ကဲ့သို့ မျက်နှာချင်းဆိုင်ရမလဲ အဖြေမရှာရသေး၍ ဖြစ်နိုင်လောက်သည်။
အသက်ရှင်တုန်းကတော့ ဘယ်လိုပဲဖြစ်နေပါစေ ကျွန်တော်က လူချောလေးတစ်ယောက်ပင်။ သို့ပေမယ့် အခုအခါတွင် ကျွန်တော်က ဒီလိုအကျည်းတန်နေခဲ့ပြီ။ ဟိုခွေးသားလေးကို ကျွန်တော် ဒီလိုပုံစံဖြင့် မတွေ့ချင်။
YOU ARE READING
Telling Ghost Stories At My Ex-boyfriend's Wedding [去前男友婚礼上讲鬼故事]
HumorTitle : Telling Ghost Stories At My Ex-boyfriend's Wedding [去前男友婚礼上讲鬼故事] Author : 花间二狗 English Translator : Chipoholic Total Chapters : 13 Genre : Modern,Short