[Unicode]
'Sugar Daddy'
57.
သရဲတွေက ခံစားလို့ မရနိုင်ပေမယ့် နှစ်များစွာ ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအရ ဆူးယွီလက်ချောင်းထိပ်များက ဆေးလိပ်နံ့အနည်းငယ် ရောထွေးလျက် အေးမြမြလေးဖြစ်နေမည်ပင်။
ရှောင်းပိုင်ရဲ့ ပါးရိုးကို ထိကိုင်ပြီးနောက်မှာတော့ ဆူးယွီ အချိန်အတော်ကြာ ရပ်နေမိသည်။ သူ ခဏတာမျှ အံ့ဩသွားပုံပေါ်လာပြီးနောက် သူ့လက်ကို ပြန်ချကာ သူ့အဖြစ်သူ ရယ်ရင်း ပြောလိုက်သည်။ "ငါတော့ ရူးနေပြီ ထင်တယ်။"
ထို့နောက်တွင်တော့ သူ တစ်ဖက်လှည့်ပြီး စာဖတ်ခန်းအတွင်းသို့ ပြန်ဝင်သွားတော့သည်။
58.
တစ္ဆေကောင်လေးက ကျွန်တော့်အား အလန့်တကြား ထအော်တော့သည်။ "ငါလူး၊ ကြောင်တောင်တောင် ဖြစ်မနေစမ်းနဲ့! မင်းမျက်နှာ ဘာဖြစ်နေတာလဲ?!"
ကျွန်တော့်လည်း ထိတ်လန့်သွားရပြီး အလျင်အမြန်ပဲ ကျွန်တော့်မျက်နှာအား ထိကြည့်လိုက်မိသည်။ "ဟမ်? ဘာဖြစ်တာလဲ။ ကျိုးပဲ့သွားတာလား။"
တစ္ဆေလေးက ကျွန်တော့်မျက်လုံးများအား စိုက်ကြည့်လာသည်။ "နီနေတာ! နီရဲတွတ်နေတာ! သူ့ယန်စွမ်းအင်တွေက များလွန်းလို့ မင်းကို လောင်ကျွမ်းသွားတာလား။ အပူလောင်သလို စပ်ဖြင်းဖြင်းခံစားချက်မျိုး မရှိဘူးလား။"
ကျွန်တော် : .......
ကျွန်တော် : သရဲတွေမှာကော ရှက်သွေးဖြာပိုင်ခွင့် မရှိဘူးလား?!!
59.
တစ္ဆေလေး ပေးလာသည့် လှည့်ကွက်က တစ်ရက်ကို တစ်ခါမျှသာ သုံးလို့ရတာမို့ သူ ကျန်အချိန်များတွင် လူအရိုးစုရုပ်ထဲတွင်သာ နေ နေရပြီး ဒီအမိန့်ပေးသလို ခပ်မိုက်မိုက် အူကြောင်ကြားပုံစံကို ဆက်ထိန်းပြီး နေရလေသည်။
ကံကောင်းထောက်မစွာနှင့် ထိုတစ္ဆေလေးက ဘာမှထူးပြီး လုပ်စရာ ရှိမနေတာမို့ ဆက်နေရင်းနှင့် သူ့အား စကားပြောပေးနေသည်။
တစ္ဆေကောင်လေးက ရှင်းပြလာသည်။ "သရဲတွေနဲ့ ပတ်သတ်ပြီး ပြောရရင် ဒီကမ္ဘာပေါ်မှာ မကျွတ်မလွတ်ပဲ ကျန်ရစ်နေရတဲ့ တစ်ဝက်လောက်က တမ်းတသတိရမှုတွေကြောင့်ဖြစ်ပြီး ကျန်တစ်ဝက်ကတော့ လက်စားချေချင်မှုအတွက်ကြောင့်ဖြစ်တယ်။ တမ်းတသတိရမှုတွေနဲ့ သရဲဖြစ်နေတဲ့ တစ်ဝက်ကျော်ကလည်း သူတို့ချစ်ရသူတွေ တဖြည်းဖြည်း သူတို့ကို မေ့ပြီး ဘဝအသစ်တစ်ခု စတင်သွားကြတာကို မြင်ရချိန်မှာ အစောဦးပထမ လွမ်းဆွတ်မှုကနေ လက်စားချေလိုခြင်းသို့ ပြောင်းသွားတော့တယ်။ လာ ငါ့ရဲ့သူငယ်ချင်း၊ မင်းရော ဘယ်လိုလက်တုန့်ပြန်ချင်လဲ ပြောပြပါဦး။"
YOU ARE READING
Telling Ghost Stories At My Ex-boyfriend's Wedding [去前男友婚礼上讲鬼故事]
HumorTitle : Telling Ghost Stories At My Ex-boyfriend's Wedding [去前男友婚礼上讲鬼故事] Author : 花间二狗 English Translator : Chipoholic Total Chapters : 13 Genre : Modern,Short