[Unicode]
'ကြင်ဖက်တွေ့ဆုံခြင်း'
76.
အခု ဒီအခြေအနေအရ ပြောရရင်တော့ အတော်လေး ကြောင်တောင်တောင်နိုင်စေတယ်။
77.
နောက်နေ့မနက်မှာ ဆူးယွီအမေက သူ့အား ထပ်ဖုန်းခေါ်လာပြန်သည်။ ဒီတစ်ကြိမ်မှာတော့ သူ ဖုန်းကို အိပ်ခန်းအတွင်းမှာ ဖြေကြားခဲ့ပြီး ကျွန်တော်ကလည်း သူတို့ ဘာတွေပြောနေလဲ နားထောင်ဖို့ အထဲ ဝင်မသွား။
သူတို့ကြား စကားပြောခြင်းက တစ်နာရီကျော်ကြာခဲ့ပြီး နောက်ဆုံးမှာတော့ နှစ်ယောက်ကြား သဘောတူညီမှု တစ်ခုရသွားပုံပေါ်သည်။
ကျွန်တော် ဆူးယွီကို ထပ်မြင်ရချိန်မှာတော့ သူက အင်္ကျီတောင် လဲထားပြီးဖြစ်ကာ အပြင်သွားဖို့ ပြင်နေပုံပေါ်သည်။ သူ အထူးတလည် ဝတ်စားထားတာမျိုးတော့ မဟုတ်၊ သို့ပေမယ့် သူ၏ ရိုးရိုးတီရှပ်လေးကတောင် သူဝတ်လိုက်ပါက လူတိုင်း၏ အာရုံစိုက်မှုကို ရလာနိုင်လေသည်။ ဒီခြေတံရှည်ရှည်သွယ်သွယ်နှင့် လူက ဘယ်နေရာမှပဲ ရပ်နေပါစေ၊ လူတိုင်းကို ဆွဲဆောင်နိုင်မှုရှိဆဲဖြစ်သည်။
ကျွန်တော် အရိုးစုထဲက ထွက်လာပြီး ဆူးယွီနောက် လိုက်သွားရမလား၊ မသွားရဘူးလား ချီတုံချတုံဖြစ်နေပေမယ့် အကြိမ်အနည်းငယ်မျှ တွေးပြီးနောက်မှာတော့ မလိုက်သွားဖို့ ဆုံးဖြတ်လိုက်သည်။
ဆူးယွီ တံခါးနားလျှောက်သွားပြီး သူ့ဖိနပ်ကို လဲဝတ်လိုက်သည်။ တံခါးမဖွင့်ခင်မှာပဲ သူ ပြန်လှည့်ပြီး အနောက်သို့ ပြန်လျှောက်ဝင်လာသည်။ သူ ကျွန်တော်တို့နှစ်ယောက် ဓာတ်ပုံအနားသွားကာ ခဏတာမျှ ကြည့်နေပြီးမှ ကျွန်တော့်ပုံပေါ် လက်မဖြင့် ဖိသုတ်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "အရူး"
ကျွန်တော် : ......?
78.
ဆူးယွီက အိမ်အပြင် ထွက်သွားပြီဆိုပေမယ့် ကျွန်တော်ကတော့ ဒီအခြေအနေ၏ အမြီးနှင့်ခေါင်းတောင် သေချာမသိသေး။ ထိုအချိန်မှာပင် တစ္ဆေကောင်လေးက နားလည်ရခက်နေသလို မျက်နှာအမူအရာနှင့် ပေါ်လာပြီး ပြောလာသည်။ "ငါ အခန်းထဲ လိုက်ဝင်သွားပြီး သူ ဖုန်းပြောတာ ခိုးနားထောင်ခဲ့တယ်။"
YOU ARE READING
Telling Ghost Stories At My Ex-boyfriend's Wedding [去前男友婚礼上讲鬼故事]
HumorTitle : Telling Ghost Stories At My Ex-boyfriend's Wedding [去前男友婚礼上讲鬼故事] Author : 花间二狗 English Translator : Chipoholic Total Chapters : 13 Genre : Modern,Short