(Unicode)
အကြောင်းရင်းတွေက ရှုပ်ပါတယ်။
ရှောင်ဖယ်သွားစေတာ သူ့ကြောင့်ဖြစ်ပြီး
အေးစက်လာတဲ့သူက အိမ်ရှေ့စံကြောင့် ဖြစ်ပါလိမ့်မယ်။______________________
အင်္ဂလန်မှာကျောင်းတက်ပြီး ပြန်လာတဲ့အိမ်ရှေ့စံက အရင်ကထက် ပိုချောလာတယ်။ မတွေ့တာကြာတဲ့အတောအတွင်း ပိုစိမ်းသွားရုံကလွဲလို့ အရင်တိုင်းပါပဲ။
ခပ်ဝေးဝေး နေကြတုန်းပေါ့။
စိတ်ရင်းကောင်းပြီး ဆက်ဆံရေးပြေပြစ်တယ်လို့ အများကပြောကြတဲ့ အိမ်ရှေ့စံက သူ့ကိုတော့ ရှောင်ဖယ်လျက်ပါပဲ။ ရှောင်ဖယ်သွားအောင်လည်း ဝမ်ရိပေါ်ဆိုတဲ့ သူကပဲလုပ်မိပါတယ်။ အတိတ်တွေမှာ မရည်ရွယ်ပါပဲနဲ့လေ။မင်းမျိုးမင်းနွယ်များနှင့် ဝန်ကြီးများသာလာသည့် ဒီနေ့ဟာ အိမ်ရှေ့စံရဲ့ ပြန်အလာကို ကြိုဆိုသည့်နေ့။ ဝန်ကြီးချုပ်ရဲ့သား ဝမ်ရိပေါ် လာရခြင်းအကြောင်းကတော့ တစ်ခုတည်းရယ်ပါ။ လွမ်းနေရသူကို တွေ့ချင်၍သာ။
ဝမ်ရိပေါ်နဲ့ မလှမ်းမကမ်းက စားပွဲဝိုင်းမှာ အိမ်ရှေ့စံရဲ့ညီမဝမ်းကွဲဖြစ်သူ ရှောင်းမေက အိမ်ရှေ့စံနဲ့ ရယ်မောစွာစကားပြောနေကြတယ်။ အိမ်ရှေ့စံလည်းပြုံးနေပါတယ်။ စိတ်မပါတဲ့ အပြုံးမျိုးနဲ့။ အိမ်ရှေ့စံတော့ သတိမထားမိလောက်ပေမဲ့ အိမ်ရှေ့စံကိုသာ ငေးခဲ့ရတဲ့သူက အိမ်ရှေ့စံရဲ့အပြုအမူတိုင်းမှာ အဓိပ္ပါယ်ဖော်တတ်ပြန်တယ်။
အိုး.. အခုလည်းသူက အိမ်ရှေ့စံကိုငေးနေမိပြန်တာပဲ။ ဝန်ကြီးချုပ်ရဲ့သားဆိုသည့် ဂုဏ်သိက္ခာကိုတောင် မေ့လျော့ပြီး အိန္ဒြေကင်းမဲ့မိပြန်ပြီ။
သတိကပ်စမ်းပါ ဝမ်ရိပေါ်..
အတွေးတွေကထိန်းတော့ ငေးကြည့်ခြင်းမှာ ကျင့်သားရခဲ့တဲ့ မျက်လုံးလေးတွေကို မျက်လွှာချလို့ ပြုံးလိုက်မိတယ်။ အိမ်ရှေ့စံနဲ့ ပတ်သက်တဲ့ခံစားချက်များဟာ အရင်အတိုင်းပဲဖြစ်တယ်။
"ဝမ်ရိပေါ်က ချစ်ဖို့ကောင်းလိုက်တာ "
ရုတ်တရက် ထွက်ပေါ်လာတဲ့အသံကြောင့် အသံလာရာကို လှည့်ကြည့်မိတော့ လှေကားရင်းမှာ ရပ်ကြည့်နေတဲ့ မိဖုရားဖြစ်တယ်။ မိဖုရားက ရိပေါ်ဆီကို ကျက်သရေရှိစွာလျှောက်လှမ်းလာတယ်။
YOU ARE READING
𝐃𝐄𝐀𝐑 𝐂𝐫𝐨𝐰𝐧 𝐏𝐫𝐢𝐧𝐜𝐞 [Completed ]
Fanfictionမက်မွန်ပွင့်လေးနဲ့တူတဲ့ ကြင်ယာတော်က ချစ်ဦးသူအိမ်ရှေ့စံကို သိပ်ချစ်ပါသတဲ့.. အိမ်ရှေ့စံကရော... __________________________👑 မက်မွန်ပွင့်လေးနဲ့တူတဲ့ ကြင်ယာတော်က ချစ်ဦးသူအိမ်ရှေ့စံကို သိပ်ချစ်ပါသတဲ့.. အိမ်ရှေ့စံကရော... Zhanyi ‼ Start date - 16.6.202...