DCP- 14

11K 849 93
                                    

(Unicode)

တစ်ချို့သောအမှန်တရားတွေက
ရှည်လျားထွေပြားတတ်ကြတယ် ။
မဖြေရင်ရော ငြိုငြင်မှာလား ကြင်သူရေ...
__________________

ပြုံးနေတယ်..
ရယ်နေတယ်..
တည်သွားတယ်..

နေပါအုံး..မျက်နှာလေးကို မဲ့လိုက်တာလား ။

တတိယထပ်တွင်ရှိသော စာကြည့်တိုက်ရဲ့ မှန်သားပြင်တွေရှေ့မှာ အိမ်ရှေ့စံကရပ်နေတယ် ။ မဝါဝင်းသေးတဲ့ ဂင်ဂိုပင်အောက်က လူတစ်စုက သူ့အတွက် စိတ်ဝင်စားစရာတစ်ခုဖြစ်လိမ့်မယ် ။

မဝေးလွန်းတဲ့ အနေအထားမို့ မျက်နှာတွေကို ရှင်းရှင်းလင်းလင်း မြင်နေရတယ် ။ ကြင်ယာတော်ရဲ့ မျက်နှာ ၊ ဝမ်ရိကျိုးရဲ့ မျက်နှာနဲ့ ရှောင်းမေရဲ့ မျက်နှာ.. သူအားလုံးကိုတွေ့နေရတယ် ။

သဘောမကျတာကတော့ ဝမ်ရိကျိုးရဲ့ မျက်နှာ ဖြစ်လိမ့်မယ် ။ ဝမ်ရိကျိုးက ဘယ်လိုအတွေးမျိုးနဲ့များ ညီဖြစ်သူရဲ့ အိမ်ထောင်ရေးကို ပြိုကွဲစေချင်တာတဲ့လဲ ။ ဝမ်ရိကျိုးကို လုံးဝ သဘောမကျဘူး ။

"Sean.. မင်းရပ်နေတာ ကြာပြီလေ "

အိမ်ရှေ့စံရဲ့အနားကို ချာလီရောက်လာတဲ့အခါ အိမ်​ရှေ့စံကိုကြည့်နေတဲ့ ရိပေါ်က မျက်နှာလွှဲသွားတယ် ။ မျက်နှာလွှဲသွားတဲ့ ရိပေါ်ကြောင့် ချာလီက မဲ့ပြုံးပြုံးလိုက်တယ် ။

"ကြင်ယာတော်တို့ပါလား.. Seanက ကြင်ယာတော်ကို ကြည့်နေတာလား "

အိမ်ရှေ့စံက မြင်ကွင်းငယ်ကို ကျောခိုင်းလိုက်တယ် ။

"ချာလီ မင်းဆာကူရာနဲ့ အဆက်အသွယ်ရှိတယ်မလား "

"ရှိတယ်.. ဆာကူရာက အင်္ဂလန်မှာသောင်တင်နေတုန်းလေ.. ဂျပန်ကိုပြန်ဖို့ ဆန္ဒမရှိဘူးထင်တယ် "

"မင်း ဘယ်တော့ပြန်မှာလဲ "

"မင်း ငါ့ကိုနှင်နေတာတော့ မဟုတ်ပါဘူးနော် "

"ငါအကောင်းမေးနေတာ ထည့်ပေးစရာရှိလို့ "

"ငါပျော်သလောက်နေအုံးမယ် Sean.. ဟိုမှာဆိုရင် ငါ့အဖေက နိုင်ငံရေးတွေလုပ်စေချင်တာလေ ငါကနိုင်ငံရေးမှမဟုတ်ဘူး ဘာမှမလုပ်ချင်တာ "

𝐃𝐄𝐀𝐑 𝐂𝐫𝐨𝐰𝐧 𝐏𝐫𝐢𝐧𝐜𝐞 [Completed ]Donde viven las historias. Descúbrelo ahora