DCP - 17

10K 863 42
                                    

(Unicode)

လူတွေက ကိုယ့်ဘက်ခြမ်းကိုပဲ
နားလည်သိကျွမ်းရတဲ့အခါ
မမြင်ရတဲ့တစ်ဖက်လူရဲ့တစ်ခြမ်းစာကို
စာနာဖြည့်တွေးပေးဖို့ မေ့သွားကြတာမျိုးပါ..

____________________

"အချစ်ကမြင်းမစီးတတ်ဘူးလား "

"အင်.. ကျွန်တော်မစီးရဲဘူး "

"မြင်းစီးရတဲ့ခံစားချက်က အရမ်းကောင်းတာအချစ်ရဲ့။ စမ်းစီးကြည့်ပါလား "

"နေပါစေတော့ .. ကျွန်တော်ကြောက်တယ် "

အိမ်ရှေ့စံရဲ့ပေါင်ပေါ်မှာ ထိုင်ပြီးဂိမ်းဆော့နေတဲ့ ရိပေါ်ကနှာခေါင်းလေးရှုံ့ပြီးပြန်ဖြေတယ် ။ အိမ်ရှေ့စံနဲ့ပြေလည်ပြီးနောက်ပိုင်းမှာ အိမ်ရှေ့စံကသူ့အနားမှမခွာတော့ ။

"အချစ်ကလည်းကွာ.. ကိုယ့်မြင်းကလိမ္မာပါတယ် ။ သန်လည်းသန်တယ်။ ဘာမှကြောက်စရာမရှိပါဘူး။ တစ်ခါလောက်စီးကြည့်ပါလား.. နောက်ဆိုအချစ်ထပ်စီးချင်သွားမှာနော် "

"...... "

အောက်နှုတ်ခမ်းကို တတိတိကိုက်ရင်း မြင်းစီးသင့် ၊ မစီးသင့် စဥ်းစားနေတဲ့ ရိပေါ်က ပါးဖောင်းဖြူဖြူတွေ လုံးထွက်နေတာမို့ နှာခေါင်းချွန်ချွန်လေး နစ်ဝင်သွားသည်အထိ မွှေးကြူလိုက်သူက အိမ်ရှေ့စံ ။

"အား.. အချစ်ပါးကြီးတွေက မွှေးနေတာပဲကွာ။ အချစ်နားကနေမခွာချင်တော့ဘူး။ အပြင်ကမြင်းကို မစီးတော့ဘဲ အိပ်ရာပေါ်ကမြင်းပဲ စီးကြမလား "

"ဘာ.. ဘာတွေပြောနေတာလဲ။ မနက်အစောကြီးလည်း အိမ်ရှေ့စံက မှောင်နိုင်လွန်းတယ် "

ပေါင်ပေါ်ကဆင်းပြေးဖို့ကြံစည်နေတဲ့ ရိပေါ်ကို အိမ်ရှေ့စံက ခါးကနေတင်းတင်းဖက်ထားလိုက်တယ် ။

"အချစ် ကိုယ့်ဆီကနေထွက်ပြေးတော့မယ်ဆိုတာ ကိုယ်သိနေ​တယ်လေ ။ အခုတော့ ဘာတတ်နိုင်သေးလဲ ဟင်းဟင်း.. "

"ထွက်ပြေးတာ မဟုတ်ပါဘူး ။ ကျွန်တော်က ဟို.. မိဖုရား.. ဟုတ်တယ်.. မိဖုရားက ကျွန်တော့်ကိုခေါ်ထားလို့ ကျွန်တော် မိဖုရားဆီသွားဖို့ရှိတယ်။ လွှတ်ပေးနော်..အဟီး "

𝐃𝐄𝐀𝐑 𝐂𝐫𝐨𝐰𝐧 𝐏𝐫𝐢𝐧𝐜𝐞 [Completed ]Donde viven las historias. Descúbrelo ahora