(Unicode)
တိမ်တွေကင်းတဲ့ ကောင်းကင်ပြာကြီးရယ်..
တေးဆိုတတ်တဲ့ ငှက်လေးတွေရယ်..
အနားမှာရှိတဲ့ ချစ်ရသူရယ်.._____________________♥
မြင်းဇောင်းကိုရောက်တော့ လည်သာမြင်းစီးဖိနပ်ရှည်ကို စီးထားတဲ့ အိမ်ရှေ့စံက အုန်းခွံရောင်မြင်းကြီးကို ပွတ်သပ်နေတယ် ။ အိမ်ရှေ့စံဘေးမှာ မြင်းထိန်းနဲ့ သက်တော်စောင့်များကလည်း ရှိနေတယ် ။
အိမ်ရှေ့စံအနားကိုရောက်တော့ အိမ်ရှေ့စံက ရိပေါ်ကိုပြုံးပြတယ် ။
"ရောက်လာပြီလား.. လာ ကိုယ်နဲ့အတူစီးရအောင် "
ကမ်းလာပေးတဲ့ အိမ်ရှေ့စံရဲ့လက်ဖဝါးပေါ်ကို ရိပေါ်ကလက်တင်ပေးတဲ့အခါ အိမ်ရှေ့စံက လက်ကနေဆွဲရင်း ခါးကိုပွေ့ကာ မြင်းပေါ်မတင်လိုက်တယ် ။ အိမ်ရှေ့စံရဲ့ အပြုအမူများက သွက်လက်လွန်းလို့ ရိပေါ်မှာ လန့်ချိန်ပင်မရ ။
မြင်းပေါ်ရောက်မှ အိမ်ရှေ့စံကို မျက်လုံးအဝိုင်းသား ကြည့်မိတယ် ။
"ကျွန်တော် မြင်းစီးဖိနပ်မစီးရသေးဘူးလေ ။ ဦးထုပ်လည်းမဆောင်းရသေးဘူး "
"မလိုဘူး ။ ကိုယ်ပါတယ် ။ ကိုယ်ကကျွမ်းတယ်လေ "
ပြောပြီးတာနဲ့ မြင်းပေါ်ကိုလွှားခနဲတက်လိုက်တဲ့ အိမ်ရှေ့စံက သူ့နောက်ကျောမှာ နေရာယူတယ် ။ မြင်းဇက်ကြိုးကို မရဲတရဲကိုင်ထားတဲ့ သူ့လက်ပေါ်အိမ်ရှေ့စံရဲ့လက်က အုပ်ကိုင်လိုက်တယ် ။
"အရမ်းကြီးတင်းတင်းမဆွဲရဘူး ။ ဒီလိုလေးဆွဲ "
နားအနားကပ်ပြီးပြောတဲ့ ခပ်တိုးတိုးလေနွေးသံများမှာ ကြက်သီးလေးများထသွားသလို ခံစားလိုက်ရတယ် ။ အိမ်ရှေ့စံက သူ့ကို ဘယ်လိုရင်ဖိုအောင် လုပ်ရမလဲ ကောင်းကောင်းနားလည်တယ် ။
"ဘယ်သူမှမလိုက်ခဲ့နဲ့ ။ ငါတို့ နှစ်ယောက်တည်းသွားမှာ "
"အိမ်ရှေ့စံ မဖြစ်.. "
ပြောနေရာမှ တုံ့ဆိုင်းငြိမ်သက်ကာ ခေါင်းငုံ့သွားတဲ့ သက်တော်စောင့်ကြီးက အိမ်ရှေ့စံပေးတဲ့ အကြည့်စူးများကြောင့်ဖြစ်ကြောင်းကို နောက်လှည့်မကြည့်လည်း သူသိတယ် ။
ESTÁS LEYENDO
𝐃𝐄𝐀𝐑 𝐂𝐫𝐨𝐰𝐧 𝐏𝐫𝐢𝐧𝐜𝐞 [Completed ]
Fanficမက်မွန်ပွင့်လေးနဲ့တူတဲ့ ကြင်ယာတော်က ချစ်ဦးသူအိမ်ရှေ့စံကို သိပ်ချစ်ပါသတဲ့.. အိမ်ရှေ့စံကရော... __________________________👑 မက်မွန်ပွင့်လေးနဲ့တူတဲ့ ကြင်ယာတော်က ချစ်ဦးသူအိမ်ရှေ့စံကို သိပ်ချစ်ပါသတဲ့.. အိမ်ရှေ့စံကရော... Zhanyi ‼ Start date - 16.6.202...