(Unicode)
Seanက သူနဲ့မှမဟုတ်ရင်
ဘယ်သူနဲ့မှမပျော်ရဘူး ။
ဒါက သူသတ်မှတ်ထားတဲ့
သဘောတရားတစ်ခု ။__________________
"ကြင်ယာတော်.. ကြင်ယာတော်.. "
တစာစာခေါ်နေတဲ့ အသံကြောင့် အိပ်ပျော်ခြင်းမှ နိုးထလာတယ် ။ ဘေးတစ်နေရာမှာတော့ လစ်လပ်နေပြီ ။
"ကြင်ယာတော် နိုးလာပြီ "
အသံလာရာကိုကြည့်မိတော့ ခုတင်ခြေရင်းမှာ စုပြုံနေတဲ့ အိမ်ရှေ့စံရဲ့အထိန်းတော်ကြီးနဲ့ နန်းတွင်းသူတစ်ချို့ကြောင့် အလျင်အမြန် ထထိုင်လိုက်တယ် ။
"ဘာကိစ္စရှိလို့လဲ.. "
သူကကြည့်တော့ အားလုံးကခေါင်းငုံ့ထားကြတယ် ။
"အိမ်ရှေ့စံက လာနှိုးခိုင်းလို့ပါ "
"ဟုတ်လား.. "
"ကြင်ယာတော်အတွက် မနက်စာကိုပါ အိမ်ရှေ့စံကပို့ခိုင်းထားပါတယ် ။ ကြင်ယာတော် ကိုယ်လက်သန့်စင်ပြီးတာနဲ့ အသင့်စားဖို့ ပြင်ထားလိုက်ပါ့မယ် "
နန်းတွင်းသူတွေကတော့ ခန်းစီးလိုက်ကာစဖွင့်သူကဖွင့် ၊ မနက်စာခင်းကျင်းသူကခင်း ၊ ရေချိုးခန်းထဲရေစပ်သူကစပ်နှင့် အလုပ်များနေကြတယ် ။
"ဘာလို့ အိမ်ရှေ့စံက လာပို့ခိုင်းတာလဲ။ ကျွန်တော် စားဆောင်ကို ဆင်းလာလည်း ရရဲ့သားနဲ့ "
"အဲ့ဒါက.. မနက်စာစားချိန်ကျော်ပြီမို့ပါ "
"အာ.. ဟုတ်သားပဲ.. "
အပြင်ဘက်ကိုကြည့်မိမှ နေတောင်အတော်မြင့်နေပြီကို။ ဖျားနာသူမှလွဲ၍ ဘုရင်ကြီးအပါအဝင် နန်းတွင်းတွင်နေထိုင်သူအားလုံးက နေမြင့်တဲ့အထိအိပ်ခွင့်မရှိသည်မှာ နန်းတော်၏စည်းကမ်းပင် ဖြစ်သည် ။
အရင်နေ့တွေကတော့ စောစောနိုးပေမဲ့ ဒီနေ့တော့ သူနောက်ကျသွားတာပဲ ။
"မယ်မယ်သိရင်တော့ ဆူတော့မှာပဲ.. "
"စိတ်ချပါ ကြင်ယာတော် မိဖုရားမသိစေရပါဘူး ။ အိမ်ရှေ့စံက ကြင်ယာတော် အိပ်ယာထနောက်ကျတဲ့အကြောင်း မိဖုရားမသိစေဖို့ မှာသွားပါတယ် "
YOU ARE READING
𝐃𝐄𝐀𝐑 𝐂𝐫𝐨𝐰𝐧 𝐏𝐫𝐢𝐧𝐜𝐞 [Completed ]
Fanfictionမက်မွန်ပွင့်လေးနဲ့တူတဲ့ ကြင်ယာတော်က ချစ်ဦးသူအိမ်ရှေ့စံကို သိပ်ချစ်ပါသတဲ့.. အိမ်ရှေ့စံကရော... __________________________👑 မက်မွန်ပွင့်လေးနဲ့တူတဲ့ ကြင်ယာတော်က ချစ်ဦးသူအိမ်ရှေ့စံကို သိပ်ချစ်ပါသတဲ့.. အိမ်ရှေ့စံကရော... Zhanyi ‼ Start date - 16.6.202...