DCP- 13

9.4K 817 60
                                    

(Unicode)

ချစ်ခြင်းတွေက
ချိုမြိန်ကောင်း ချိုမြိန်နိုင်တယ် ။
ဒါပေမဲ့ တစ်ဖက်သတ်သာဆိုရင်တော့
ခါးသက်လိမ့်မယ် ။

_________________

ကျွီ ~~~

အမြဲတမ်းစေ့ပိတ်ထားတတ်တဲ့ တံခါးချပ်ရှည်ကြီးကို ကြင်ယာတော် ဝမ်ရိပေါ်က တွန်းဖွင့်လိုက်တယ် ။ အခန်းကျယ်ကြီးထဲကို ခြေချရင်း အခန်းပြင်ပတ်ဝန်းကျင်ကို မလုံမလဲကြည့်လို့ တံခါးကိုပြန်ပိတ်တယ် ။

အိမ်ရှေ့စံရဲ့ ပန်းချီခန်းထဲရောက်နေတဲ့ အကြောင်းပြချက်က ဆာကူရာကို မြင်ဖူးချင်လို့ ။

လင်းလင်းရှင်းရှင်း အခန်းကျယ်ကြီးထဲက နံရံပေါ်မှာ ပန်းချီကားတွေ ချိတ်ဆွဲထားတယ် ။ အရောင်စုံ၊ ပုံသဏ္ဌာန်စုံတဲ့ ပန်းချီကားတွေပေါ့ ။

ပန်းချီကားတစ်ချပ်ရဲ့ အောက်ခြေမှာ 'Sean' ဆိုတဲ့ အမှတ်အသားလေးကိုတွေ့တော့ အသာထိတို့ကြည့်လိုက်တယ် ။ အိမ်ရှေ့စံရဲ့လက်ရာကလေး ဖြစ်လိမ့်မယ် ။

ချိတ်ဆွဲထားတဲ့ ပန်းချီတွေထဲမှာမှ တစ်စုံတစ်ဦးရဲ့ ပုံရိပ်ကိုရှာနေတယ် ။ ဒါပေမဲ့ မရှိဘူး ။ အခန်းတစ်ခုလုံးကို နှံ့စပ်အောင် လိုက်ရှာနေပေမဲ့ သူမြင်ချင်နေတဲ့ ပုံရိပ်ကရှိမနေဘူး ။ ဘယ်မှာလဲ.. ဆာကူရာက..

သူ့ကို ပေးမဝင်တဲ့ ပန်းချီခန်းထဲမှာ ဆာကူရာရဲ့ပုံရိပ်ရှိနေမယ်လို့ ထင်ထားတာလေ ။ မရှိဘူးတဲ့လား ။ ဒါဆို ဘာကြောင့် ပေးမဝင်ရတာလဲ ။

တွေ့ဖူးချင်တဲ့သူကို မတွေ့ရတဲ့အပြင် မေးခွန်းတွေပဲ ပိုများလာတာကြောင့် ပန်းချီခန်းထဲမှ စိတ်ပျက်စွာထွက်ခဲ့လိုက်တယ် ။ ပန်းချီခန်းထဲမှာ အကြာကြီးနေလို့မှမဖြစ်ဘဲ ။

ပန်းချီခန်းထဲကနေထွက်လာတဲ့ ရိပေါ်ကို နန်းတွင်းသူတစ်ယောက်ကမြင်တော့ သူ့ဆီကို အပြေးတစ်ပိုင်းရောက်လာတယ် ။

"ကြင်ယာတော်.. ကြင်ယာတော်ကို လိုက်ရှာနေတာ။ ဒီမှာရောက်နေတာပဲ "

"ဘာကိစ္စရှိလို့လဲ "

"ကြင်ယာတော်ရဲ့အကို ဝမ်ရိကျိုးရောက်နေပါတယ်။ ကြင်ယာတော်နဲ့ တွေ့ချင်ပါတယ်တဲ့ "

𝐃𝐄𝐀𝐑 𝐂𝐫𝐨𝐰𝐧 𝐏𝐫𝐢𝐧𝐜𝐞 [Completed ]Wo Geschichten leben. Entdecke jetzt