[Unicode]
"စိတ်ပူလို့"
"..."
ပြေးဖို့ ပြင်နေတဲ့ ကိုယ့်ခြေလှမ်းတွေ
ရပ်တန့်သွားရပြီး သူ့ကို မော့ကြည့်မိသည်မျှော်လင့်ချက်အရိပ်အရောင်လေးတွေ
တဖြည်းဖြည်း သန်းလာသလိုလို"စီနီယာကို စိတ်ပူလို့"
သူ့မျက်နှာက ရေခဲငွေ့တွေ တဖြည်းဖြည်း
လွင့်ပြယ်သွားသလိုလို"ငါ့ကို ဘာလို့ စိတ်ပူတာလဲ"
သူ့နှုတ်ခမ်းက ထွက်ကျလာမယ့် စကားတစ်ခွန်းက ကိုယ့်ရဲ့ တစ်ဖက်သတ်ကျန်ရစ်ရမယ့် ဇာတ်လမ်းကြီးကို ပြောင်းလဲပေးနိုင်တာကြောင့် သူ့ကိုမလွှတ်တမ်း စိုက်ကြည့်ပြီး အကြီးအကျယ်ကို မျှော်လင့်နေမိသည်
"အဲ့ဒါ..."
"..."
"အဲ့ဒါ..."
"အဲ့ဒါ ဘာဖြစ်လဲ"
ပြောမယ့်အရေးကို ဆန့်တငင်ငင်လုပ်နေတာကြောင့် စိတ်က မရှည်တော့
ဖက်ခနဲ ဖက်ခနဲ ပိတ်ပြောတတ်တဲ့သူက
စကားတစ်ခွန်းပြောဖို့အရေးကို ဘာလို့ အဲ့လောက် တွန့်ဆုတ်နေတာလဲမဟုတ်မှလွဲရော...သူလည်း ကိုယ့်အပေါ် ခံစားချက် ရှိနေတယ်လို့ ဖွင့်ပြောတော့မလို့လား
"သေသွားမှာစိုးလို့"
"ဟင်"
"စီနီယာ့ကို အခု တစ်ယောက်ယောက်က အန္တရာယ်လိုက်ပေးနေတယ်မလား
...အကယ်၍ စီနီယာသေသွားရင် ကျွန်တော်ပဲ ဒုက္ခခံရမှာမို့လို့"သိပ်အဓိပ္ပါယ် နားမလည်ပေမယ့် ကိုယ်အခုထိ မျှော်လင့်ချက်ကို မစွန့်လွှတ်နိုင်သေး
သူ ကိုယ်သေသွားမှာကို မလိုလားလို့ စိတ်ပူပေးနေသည်ဟု ယုံကြည်နေတုန်း"ဘာလို့လဲ...ငါသေသွားရင် နင် ဝမ်းနည်းရမှာမို့လို့လား"
"မဟုတ်ဘူး...ကျွန်တော်က သိတဲ့သူ တစ်ယောက်ယောက်သေသွားရင် မိုးရွာတဲ့အချိန်ဆို အဲ့ဒီလူကို ထင်ယောင်ထင်မှားမြင်တတ်တဲ့ ဆိုက်ကိုရှိတယ်...အခုတောင်မှ မမြင်ချင်တဲ့ဟာကို သေပြီး သရဲလိုလိုဘာလိုလိုအဖြစ်နဲ့ မြင်ရမှာ ကြောက်လွန်းလို့"
YOU ARE READING
A Flower He Hates
Fanfictionဟိုးရှေးရှေးတုန်းက ပန်းလေးတစ်ပွင့်ရှိခဲ့တယ် ပန်းနုရောင်သန်းပြီး အလွန်မွှေးကြိုင်တဲ့ အလှဆုံး ပန်းလေးတစ်ပွင့်ပေါ့ အဲ့ဒါကြောင့် လူတိုင်းနီးပါးက အဲ့ဒီပန်းလေးကို သိပ်ချစ်ကြပြီး လိုချင်တပ်မက်ကြတယ် ဒါပေမယ့် တစ်ယောက်သောသူကတော့ ပန်းလေးကို အေးစက်စွာ စိုက်ကြ...