[Unicode]"အဲ့ဒီ ပတ်ဂျီမင်းဆိုတဲ့ အကောင်ကို ငါ အခုချက်ချင်း သွားသတ်မယ်"
လက်ကားယား ခြေကားယားနဲ့ ဒေါသအထွတ်အထိပ်ရောက်နေသော ဆူဘင်
"စိတ်ထိန်းဦး...ဟဲ့...ပြီးသွားတာတွေ ပြီးသွားပြီပဲဟာ"
ဆူဘင့်ကို ချုပ်ပြီး တကယ်သွားမသတ်မိအောင် မနည်းလိုက်ထိန်းနေရတဲ့ ကိုယ်
"နင် ဒီတိုင်း ငြိမ်ခံလာတာလား...ဟိုအခြောက်ကောင်က နင့်ကို 3နှစ်တိတိ လှည့်စားခဲ့တာနော်...နင့်မှာတော့ တကယ့်ကို အရူးမကြီးလို ချစ်ခဲ့ရတာလေ...နင် မခံပြင်းဘူးလား"
အခန်းကျဥ်းလေးထဲမှာ ဆူဘင့်အသံက ဒေါသတွေ အမုန်းတရားတွေနဲ့ ကျယ်လောင်ဟိန်းထွက်နေသည်
"အခြောက်ကောင်မဟုတ်ပါဘူး...ဂေးပါ"
"ဘာ...ဒီလောက်ခံထားရတာတောင် နင်က အဲ့ကောင်ဘက်လိုက်ချင်နေသေးတယ်...စိတ်ရှိလက်ရှိ မုန်းလိုက်စမ်းပါ...ဆဲဆိုလိုက်စမ်းပါ...နင့်အစား မွန်းကြပ်လိုက်တာ"
ကိုယ့်ကို အားမလိုအားမရဖြစ်နေတဲ့ ဆူဘင်ပုံစံကို ကြည့်ပြီး သဘောကျနေမိသည်...တကယ်တော့ ကိုယ်လည်း ဘယ်လိုမှအဆင်ပြေသေးတာမဟုတ်...အဆင်ပြေချင်ယောင်ဆောင်နေခဲ့တာ...တစ်ယောက်တည်းရှိနေတဲ့အချိန်တိုင်း အသက်ထွက်မတတ် အော်ငိုနေမိတာမို့ အနည်းဆုံး သူငယ်ချင်းတွေနဲ့ ရှိနေတဲ့အချိန်လေးမှာတော့ ကိုယ် ပျော်ချင်ပါသည်
"မုန်းပစ်လိုက်တာထက် ခွင့်လွှတ်လိုက်တာက ပိုစိတ်ချမ်းသာရာရတယ်"
အချစ်ဦးမို့လို့ မမုန်းပစ်ရက်ဘူး
ဒီအတိုင်း ခဏတာ မက်ခွင့်ရလိုက်တဲ့ အိပ်မက်တစ်ခုအဖြစ်ပဲ သိမ်းထားလိုက်တော့မည်...
အဆုံးသတ်က ဆိုးရွားခဲ့ပေမယ့် ဘာပဲဖြစ်ဖြစ် ကိုယ့်အတွက်သူပေးခဲ့တဲ့ အမှတ်တရတိုင်းက လှပခဲ့ပါသည်"ဘာဖြစ်တယ်...ခွင့်လွှတ်မယ် ဟုတ်လား...နင် ရူးနေလား...မရဘူး...ငါတော့ ခွင့်မလွှတ်ဘူး...
အသေသတ်ပစ်မှာ...သူ အခု ဘယ်မှာလဲ...ကျောင်းလာလား""ကာယကံရှင်က အဆင်ပြေပါတယ်ပြောနေတဲ့ဟာကို နင်က ဘာကိစ္စ အိုဗာတွေ လုပ်နေတာလဲ...နားတွေငြီးလာပြီ"
CZYTASZ
A Flower He Hates
Fanfictionဟိုးရှေးရှေးတုန်းက ပန်းလေးတစ်ပွင့်ရှိခဲ့တယ် ပန်းနုရောင်သန်းပြီး အလွန်မွှေးကြိုင်တဲ့ အလှဆုံး ပန်းလေးတစ်ပွင့်ပေါ့ အဲ့ဒါကြောင့် လူတိုင်းနီးပါးက အဲ့ဒီပန်းလေးကို သိပ်ချစ်ကြပြီး လိုချင်တပ်မက်ကြတယ် ဒါပေမယ့် တစ်ယောက်သောသူကတော့ ပန်းလေးကို အေးစက်စွာ စိုက်ကြ...