[Unicode]
အမှတ်မထင် ကိုယ့်ဘဝထဲကို
ဝင်ရောက်လာခဲ့တဲ့ အလင်းတန်းလေးကိုယ်နာကျင်ရတိုင်း
စကားလုံးချိုချိုလေးတွေနဲ့
နှစ်သိမ့်ပေးတတ်ပြီးကိုယ်ငိုတဲ့အခါတိုင်း
အပြုံးလှလှလေးတွေနဲ့
ချော့ပေးတတ်တဲ့နူးညံ့ဖြူစင်လွန်းတဲ့ ကောင်လေး
ဘယ်အချိန်ဖြစ်ဖြစ် ကိုယ့်ဘက်မှာ
ရပ်တည်ပေးပြီး ကိုယ့်ကို ကာကွယ်ပေးခဲ့တဲ့
သူငယ်ချင်း"နင်က ဘာလို့..."
"..."
ယုန်ရုပ်မျက်နှာဖုံးအောက်က မျက်နှာက
ဘာလို့ သူ ဖြစ်နေရတာလဲအဓိပ္ပါယ်မရှိဘူး
ဒါ လုံးဝ မဖြစ်နိုင်ဘူး"နောက်နေတာလို့ ပြောပေးပါ"
"ပေါ်သွားပြီပဲ"
အမြဲတောက်ပနေတဲ့ မျက်နှာထက်မှာ
ကြောက်စရာ မဲ့ပြုံးတစ်ခုက မလိုက်မဖက်
တွဲခိုသွားတဲ့အခါ ကိုယ် စကားတွေ ပျောက်ရှကုန်သည်ဒါ ကိုယ်သိတဲ့ မင်ယောင်းဂီမဟုတ်ဘူး
"ဘာလို့လဲ...ဘာလို့ယောင်းဂီ ဖြစ်နေရတာလဲ"
ဘယ်လိုမှ မယုံကြည်နိုင်တာကြောင့်
ကိုယ် မျက်ရည်တွေစီးကျကာ အသားတွေ တဆတ်ဆတ်တုန်လာသည်"လူသတ်သမားက ဂျူဒါနဲ့ မသိတဲ့ သူစိမ်းဆိုရင် ဘယ်ပျော်စရာကောင်းတော့မလဲ...မဟုတ်ဘူးလား"
ကြောက်စရာမျက်ဝန်းတွေ
လှောင်ရယ်နေတဲ့အပြုံးတွေနဲ့ သူ ကိုယ့်ဆီ ဖြည်းဖြည်းချင်း တိုးကပ်လာသည်"ဘာလို့ ငါ့ကို သတ်ချင်ရတာလဲ...ငါ ဘာအမှားတွေ လုပ်ထားလို့လဲ"
အနားမှာ ကျနေတဲ့ ကျဥ်စက်ကို သူ အသာဆွဲယူလိုက်သည်...သတိထားမိလိုက်ပေမယ့်
ပြန်လုဖို့ရော ထပြေးဖို့ရော ကိုယ့်မှာ အားအင်တွေ မရှိတော့ကိုယ်သိမနေတဲ့ သူစိမ်းတစ်ယောက်ဖြစ်နေခဲ့ရင် ဒီလောက်ထိ တုန်လှုပ်နေမိမှာ မဟုတ်ဘူး
သူကတော့ အမြဲ ကိုယ့်ဘက်မှာ ရှိနေပေးမယ့် အကြင်နာတတ်ဆုံး လူသားလို့ ထင်ထားခဲ့တာ
YOU ARE READING
A Flower He Hates
Fanfictionဟိုးရှေးရှေးတုန်းက ပန်းလေးတစ်ပွင့်ရှိခဲ့တယ် ပန်းနုရောင်သန်းပြီး အလွန်မွှေးကြိုင်တဲ့ အလှဆုံး ပန်းလေးတစ်ပွင့်ပေါ့ အဲ့ဒါကြောင့် လူတိုင်းနီးပါးက အဲ့ဒီပန်းလေးကို သိပ်ချစ်ကြပြီး လိုချင်တပ်မက်ကြတယ် ဒါပေမယ့် တစ်ယောက်သောသူကတော့ ပန်းလေးကို အေးစက်စွာ စိုက်ကြ...