2. Secret Of My Boyfriend

533 67 7
                                        

〘Unicode〙

ဆူဆူညံညံစကားသံတွေ

လှုပ်လှုပ်ရှားရှားပုံရိပ်တွေ

မွှေးမွှေးကြိုင်ကြိုင်ရနံ့တွေ

တနင်္ဂနွေည၏ နာမည်ကြီးစားသောက်ဆိုင်မှာ
လူတွေကြိတ်ကြိတ်တိုး စည်ကားနေပြီး စားပွဲထိုးများမှာလည်း ပျားပန်းခတ် အလုပ်ရှုပ်နေကြသည်

"အဆင်ပြေရင်လေ ဒီဝိုင်းမှာ ပေါင်းထိုင်ပေးလို့ရမလားမသိဘူး....အားနာပေမယ့် နေရာလွတ်မရှိတော့လို့ပါ"

စားပွဲထိုးလေးက 4ယောက်စားပွဲဝိုင်းတွင် 1ဦးထဲ ထိုင်နေသောကောင်လေးအား ခွင့်တောင်းကာ
ကိုယ့်အတွက် နေရာစီစဥ်ပေးသည်

ကိုယ်လည်း ထိုကောင်လေးကို ကျေးဇူးတင်ကြောင်း ခေါင်းငြိတ်ပြုံးပြရင်း သူ့မျက်နှာချင်းဆိုင်၏ ဘေးခုံတွင် အသာဝင်ထိုင်လိုက်သည်...သို့သော် ဖုန်းကြည့်နေသောကိုယ်တော်မှာ ကိုယ့်ဘက်ကို ယောင်လို့တောင်လှည့်မကြည့်

ချေမိုးနေပုံက တစ်ယောက်ယောက်နဲ့ တူ...တူ...
နေစမ်းပါဦး...အဲ့ဒီ ပိုးစိုးပက်စက်ချောနေတဲ့ မျက်နှာက အဲ့ဒီတစ်ယောက်ယောက်ပဲမလား

ကိုယ့်ကို သဘောမကျစွာ စိုက်ကြည့်ဖူးသော အကောင်

ကိုယ့်ကို မရင်းနှီးချင်ပါဘူးဟု ပြောသွားသော အကောင်

ကိုယ့်လို အချောအလှလေးကို ပယ်ပယ်နယ်နယ် ချေသွားသော အကောင်

အတော်ပဲ...အခု ကိုယ် သူ့ကို ပြန်ကြောပြလို့ရပြီ

ကိုယ်မှာ သူ့ထက် ဆယ်ဆသာတဲ့ ရည်းစားရှိတဲ့အကြောင်း...သူ့လို ကောင်ကို တစ်စက်ကလေးတောင် စိတ်မဝင်စားတဲ့အကြောင်း...ကိုယ့်ကောင်လေးက ကိုယ့်ကို ဘယ်လောက်ထိ ဂရုစိုက်ကြောင်း အနီးကပ်သက်သေပြခွင့်ရပြီ

ကြည့်နေလိုက်....
နင် မနာလိုတောင် ဖြစ်သွားစေရမယ်....

ဤဆိုင်လေးမှာ ကိုယ်နဲ့ ဂျီမင်းအတွက် အမှတ်တရများစွာရှိနေသော နေရာလေးတစ်ခုပင်

ဂျီမင်းနဲ့ပထမဆုံး စတွေ့ခဲ့တာရော
သူ ကိုယ့်ကို ဖွင့်ပြောခဲ့တာရော
ဒီဆိုင်လေးမှာပင်ဖြစ်သည်

A Flower He HatesWhere stories live. Discover now