[Unicode]
အမှောင်ထု
အရပ်လေးမျက်နှာအပြည့် ဖုံးလွှမ်းထားတဲ့
အမှောင်ထုအောက်မှာ ကိုယ် အသည်းအသန်ပြေးလွှားနေတယ်ဘယ်လောက်ပဲပြေးပြေး အလင်းတန်းက ပေါ်မလာဘူး...အမှောင်ကပဲ နက်သထက် နက်လာတယ်
အနောက်မှာ တစ်စုံတစ်ယောက်က မိစ္ဆာတစ်ကောင်လို ပြေးလိုက်နေတယ်
အဲ့ဒီလူမှာ မျက်နှာမရှိဘူး
အမှောင်အောက်မှာ လက်နေတဲ့ ဓားချွန်ချွန်က မကြာခင် ကိုယ့်ဆီ တစ်ဟုန်ထိုး ပြေးစိုက်တော့မလိုမျိုး
သေခြင်းတရားဆီက ထွက်ပြေးနေပေမယ့်
သေမင်းဆီ ဦးတည်ပြေးနေရသလိုမျိုးအဆုံးမရှိတဲ့ အမှောင်လမ်းက
သိပ်ကြောက်စရာကောင်းလွန်းတယ်ထိုအချိန် ကိုယ့်လက်တစ်ဖက်ဆီ ရောက်ရှိလာတဲ့ ဝိုးတဝါး နွေးထွေးမှု
အဲ့ဒီနွေးထွေးမှုကြောင့် အမှောင်ထုထဲကနေ
ကိုယ် နိုးထလာရတယ်"စီနီယာ...တောင်းပန်ပါတယ်"
မျက်နှာထက်မှာ ဒဏ်ရာတွေအပြည့်
မျက်ဝန်းထဲမှာ မျက်ရည်တွေအပြည့်နဲ့
ရှိုက်ကြီးတငင် ငိုကြွေးနေတဲ့ ကောင်လေးသူ့ကို မြင်လိုက်ရတယ်ဆိုရင်ပဲ
ကိုယ့်အကြောက်တရားတွေ ရေငွေ့လို ပျောက်ကွယ်သွားတော့တယ်သူသာ ရှိနေရင်
ကိုယ်ဘာမဆို ရင်ဆိုင်ရဲပါတယ်ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းစွာ ငိုနေတဲ့ကောင်လေးကို ကိုယ်ပွေ့ဖက်လိုက်မိတယ်
"ငါ အဆင်ပြေတာမို့လို့ မငိုပါနဲ့"
မငိုပါနဲ့ ပြောမှ ပိုမိုကျယ်လောင်စွာ
ထပ်ငိုချတယ်...ဒီကလေးက ရုပ်ကသာ
မာနေတာ စိတ်ကတော့ ပျော့သလားမမေးနဲ့သတိလစ်သွားလို့ ဆေးရုံပေါ်ရောက်လာပေ
မယ့် ကိုယ်ကြီးကြီးမားမား ဘာဒဏ်ရာမှ ရသွားပုံမပေါ်...ဓားထိုးခံရပြီး သေပြီလို့ ထင်ထားခဲ့ပေမယ့် ကိုယ့်ဆီမှာ ကျောဘက်က မသိမသာ ခြစ်ရာကလွဲလို့ ဘာဒဏ်ရာမှ ရှိနေပုံမပေါ်
YOU ARE READING
A Flower He Hates
Fanfictionဟိုးရှေးရှေးတုန်းက ပန်းလေးတစ်ပွင့်ရှိခဲ့တယ် ပန်းနုရောင်သန်းပြီး အလွန်မွှေးကြိုင်တဲ့ အလှဆုံး ပန်းလေးတစ်ပွင့်ပေါ့ အဲ့ဒါကြောင့် လူတိုင်းနီးပါးက အဲ့ဒီပန်းလေးကို သိပ်ချစ်ကြပြီး လိုချင်တပ်မက်ကြတယ် ဒါပေမယ့် တစ်ယောက်သောသူကတော့ ပန်းလေးကို အေးစက်စွာ စိုက်ကြ...