လျှို့ဝှက်ခြင်းတေးသွားသံစဥ်
Part 1
Unicode
"မိုးစက် ပြီးပြီလား ။ "
"ဟုတ်ကဲ့ အကိုလေး ။ အဆင်သင့်ပါပဲ ။ "
"အေး ဒါဆိုသွားကြစို့ ။ "
အကိုလေး ၏ အနက်ရောင်ပြောင်လက်နေသော ကားသစ်ကြီးပေါ်တွင် မိုးစက် အသံတိတ်၍လိုက်ပါလာခဲ့သည် ။ အသံသွင်းသည့် Studio သို့ သုံးလမှတစ်ကြိမ်လောက်သာ မိုးစက် လိုက်ပါခွင့်ရရှိသည် ။ အမြဲတစေ ခြံဝန်းကျယ်ကြီးရှိသော အိမ်ထဲတွင်သာ နေရသူမို့ အခုလို အပြင်ထွက်ခွင့် ရတဲ့အခါ ပြင်ပလောကကြီးကို မြင်တွေ့ခွင့်ရသည်မို့ သူပျော်မိပါသည် ။
"စလိုက်တော့မလား ။ "
မိုးစက် ခေါင်းညိတ်၍သာပြလိုက်ပြီး အသံသွင်းသည့် မှန်လုံအခန်းထဲသို့ဝင်ကာ ကိုယ်တိုင်ရေးစပ် ထားသည့် အရိပ် ဟူသည့် သီချင်းလေးအား စတင်ကာ သီဆိုလိုက်သည် ။
တိမ်ယံ Studio ခန်းထဲတွင် သီချင်းဆိုနေသော ေကာင်လေးကို ကြည့်ရင်း အတိတ်ပုံရိပ်များမျက်လုံးထဲဝယ် အနှေးပြကွက်ဝယ် ပေါ်လာခဲ့သည် ။
Flash Back Start..
"မင်းနာမည်ဘယ်လိုခေါ်လဲ ။ "
ဒေါ်မိမိနိုင် , ခင်ပွန်းဖြစ်သူခေါ်လာသဖြင့် ခပ်ရို့ရို့လေးထိုင်ကာနေသော မျက်စိရှေ့ရှိသည့် ကောင်လေးအား မေးလိုက်သည် ။
"သားနာမည် ဒီမိုးစက်ပါခင်ဗျ ။ "
"ဟွန်း လူကသာလက်နှစ်ဖက်မရှိတာ နာမည်ကတော့အလာသားပါလားဟဲ့.. "
အိမ်ကြီးရှင် အန်တီကြီးပြောသည်မှာအမှန်ဖြစ်တာကြောင့် မိုးစက် ခေါင်းငုံ့၍သာနေမိသည် ။ဟုတ်ပါသည် ။ သူ သည်မွေးရာပါ ကိုယ်အဂ်ါချို့တဲ့သည့်အတွက် အများသူငှာလို လက်နှစ်ဖက် ပြည့်ပြည့်စုံစုံမရှိဘဲ တတောင်စစ်နားထိသာ ရှိသည် ။ ထို့ကြောင့် အတန်းပညာသင်ရာတွင်လည်း ခြေထောက်နှစ်ဖက်ကိုသာအသုံးပြုခဲ့ရသည် ။ မိုးစက် အခုဆို ငါးတန်းကျောင်းသားဖြစ်နေပြီမို့ အရာရာကိုနားလည်တတ်ခဲ့ပါပြီ ။ ဦးမိုးကောင်း သည် မေမေမဆုံးခင် တွင်အိမ်သို့ရောက်လာပြီး မေမေနှင့်စကားများပြောကာ သူ့အား ရန်ကုန်မြို့ကြီးသို့ခေါ်လာခဲ့သည် ။ မေမေ့၏ ကျန်းမာရေး ဆေးကုသခများနှင့် ရက်လည်အထိကုန်ကျစရိတ်များက်ုလည်း ဦးမိုးကောင်းက တာဝန်ယူကာအကုန် စိုက်ထုတ်ပေးခဲ့သည် ။ထို့ကြောင့် ကိုယ့်ကျေးဇူးရှင်တွေ ဖြစ်သည်မို့ ဘာပြောပြော မိုးစက် ငြိမ်ခံနေယုံသာ ။
ESTÁS LEYENDO
လျှို့ဝှက်ခြင်းတေးသွားသံစဥ် [ BL Short Story Completed ]
Historia CortaUnicode BL Short Story လေးပါ ။ ဖတ်ကြည့်ပြီးဝေဖန်ပေးနိုင်ပါတယ်နော် ။ ❣️❣️❣️ မွေးရာပါကိုယ်အဂ်ါမပြည့်စုံတဲ့ကောင်လေး..ဒီမိုးစက် နာမည်ကြီးအဆိုတော်ဖြစ်ဖို့ကြိုးစားနေတဲ့တက်သစ်စ..မိုးတိမ်ယံ နာမည်ကြီးတေးထုတ်လုပ်ရေးပိုင်ရှင်..မိုးသားညီ သူတို့သုံးဦးဘာတွေဆက်ဖြစ...