၂ (U+Z)

25 4 1
                                    

သူတို့နှစ်ယောက် နောက်နေ့တစ်မနက်ခင်းလုံး လျှောက်သွားကြသည်။ တွေ့သမျှ ဆိုင်တိုင်း မုန့်ဝင်စားကြသည်။ Private hospital မှာအလုပ်လုပ်တဲ့ မင်းခက မိုးသဲသုံးဖြုန်းသမျှကို ဘာမှမပြောရှာပါဘူး။ သွေးတက်တာလေးတစ်ခုပဲ။ အိမ်လည်းရောက်ရော သွေးတက်တယ် သွေးတက်တယ်ပြောပြီး မီးဖိုချောင်ထဲ ဝင်သွားတော့တာပဲ။

"မင်းကလည်း ငါဒီလောက်လေးပဲ သုံးတာကို သွေးတက်သွားရတယ်လို့၊ နောက်ဆို ဘယ်လိုလုပ်မလဲ၊ အခု ငါက အလုပ်မရှိတော့ မင်းပဲ တင်ကျွေးထားရမှာ‌နော်၊ ဘယ်လိုလဲ ကိုကိုဆရာဝန်၊ ကျွန်တော့်ရဲ့ ကုန်ကျစရိတ်ကို ခံနိုင်ပါ့မလား"

ထမင်းစားပွဲတွင် သံပုရာရည်ထိုင်သောက်နေသည့် မင်းခကို ဘေးနားကပ်ထိုင်ကာ စ'တော့ သက်ပြင်းချကာ လှမ်းကြည့်ရှာသည်။ မိုးသဲ မဟုတ်မှန်းသိသော်ငြား ခပ်ညည်းညည်းလေးပြန်ဖြေသည့် မင်းခကိုကြည့်ရတာ ပျော်သောကြောင့် ပို၍နောက်နေမိသည်။

"မဟုတ်ပါဘူးဆို၊ ဟိုလျှောက်သွား ဒီလျှောက်သွားဆိုတော့ ခေါင်းနောက်တာပါဆို၊ ဘယ်နှစ်ခါပြောရမှာလဲ"

မိုးသဲခပ်ဖွဖွရယ်ကာ စားပွဲပေါ်တင်ထားသော ဝယ်လာသည့် အထုပ်များကို ဖွင့်ကြည့်လိုက်သည်။ ဝယ်လာသည့် အင်္ကျီအသစ်တစ်ထည်ကို ထိုင်နေရင်းနှင့်ပင် ချွတ်လဲနေသောကြောင့် ဘေးတွင်ထိုင်နေသည့် မင်းခကပင် အလိုက်သိစွာ ဟိုဘက်လှည့်လျက် မျက်လုံးမှိတ်ထားလိုက်ရ၏။ မိုးသဲကို အူယားကာ ခပ်ဖွဖွတစ်ချက်ရယ်မိသေးသည်။ ဘယ်လို ကောင်လေးလဲ။

"ဟိုဘိုးတော် ပြန်လှည့်ကြည့်ပေးဦး၊ လိုက်ရဲ့လား"

အမိန့်တော်ကြောင့် အမြန်လှည့်ကြည့်လိုက်တော့ အဖြူအဖြူချင်းထပ်နေသည့် ပုံရိပ်လေးကြောင့် ပြုံးလိုက်သည်။ တကယ်ကို ၁၈နှစ်ကောင်လေးတစ်ယောက်လို သစ်လွင်နေသည့် ထိုကောင်လေးသည် ကြောင်လေးတစ်ကောင်လိုပင်။ တစ်ခါတလေ ဆိုးနွှဲ့ချင်သည်။ စိတ်အလိုမကျလျှင် သူ့လက်သည်းလေးများနှင့် ကုတ်ခြစ်ချင်သည်။ သို့သော် မင်းခ ဗွေမယူပါ။ သူကလည်း မိုးသဲဖြစ်နေသ၍ ထိုအရာလေးများကို ပိုသဘောကျနေသောကြောင့်ပင်။

စိန်ပန်းနီနီWhere stories live. Discover now