၈ (U+ Z)

17 2 1
                                    

Unicode

"မင်းခ ဘာလို့ တစ်အိမ်လုံးကို သန့်ရှင်းရေးမလုပ်တာလဲ"

စားပွဲပေါ်က နှင်းဆီခက်များကို အရွက်ခြွေရင်း မေးလိုက်သည်။ မိုးသဲ Vlog ရိုက်ဖို့ ဆေးရုံကအပြန် နှင်းဆီပန်းဝင်ဝယ်ခိုင်းခဲ့ခြင်းပင်။ သို့သော် လက်တစ်ပိုက်စာ ဝယ်လာတာကတော့ သူ့သဘောနဲ့သူ။

မေမြို့ဈေးတန်းမှာ နှင်းဆီပန်းအထွေးလိုက်ကြီး ပိုက်ထားတဲ့‌ မျက်မှန်နဲ့ လူလတ်ပိုင်း‌ယောက်ျားတစ်ယောက်ကို မြင်ရင်တော့ ဦးမင်းခလို့သာ မှတ်လိုက်ပါတော့။

"ကိုယ်က ဆေးရုံအပြန်လည်း ကိုယ့်အခန်းထဲမှာပဲနေဖြစ်တော့ အခြားအခန်းတွေ မဝင်ဖြစ်ဘူးလေ၊ ပြီးတော့ လူကြီးတွေက အခြားအခန်းတွေကို မဝင်ခိုင်းဘူး၊ အချို့သစ်တွေက ဆွေးနေပြီမို့ ကျွံကျမှာ စိုးလို့တဲ့၊
တကယ်တော့ ဒီအိမ်မှာ ကိုယ်က အိမ်စောင့်သာသာပဲ၊ အိမ်ဆိုတာ လူမနေရင် ပျက်စီးလွယ်တယ်တဲ့လေ၊ ဒါနဲ့ပဲကိုယ်လည်း အလုပ်နဲ့ နီးလည်းနီးတော့ ဒီမှာပဲ အိပ်ဖြစ်သွားတာ"

ရုတ်တရက် လေသည် ပြင်းထန်စွာ တစ်ချက်တိုက်၏။ လိုက်ကာသည် ဝေ့ခနဲ ပြတင်းပေါက်ကို ကျောပေးထိုင်နေတဲ့ မင်းခရဲ့ ခေါင်းပေါ်ကနေ ဘေးတွင် ထောင့်မှန်အ‌ နေအထား ကပ်ထိုင်နေသည့် မိုးသဲမျက်နှာနားအထိ ရောက်ခါနီးအချိန်တွင် ပြန်၍ကျသွားသည်။

ဖွင့်ထားသော ပြတင်းပေါက်၏ အပြင်တွင် အမှောင်အတိကျလျက်။ ထို‌အမှောင်ထုကပဲ မိုးသဲအား တစ်ခုခုသတိပေးကာ စကားပြောချင်နေသလို။

နောက်မှ မီးသီးတွေ ဝယ်တပ်ပစ်ဦးမည်။

"မင်း အလုပ်အားတဲ့တစ်ရက်ကျ ခြံထဲက ခြုံပုတ်တွေနဲ့ သစ်ရွက်ခြောက်တွေ ရှင်းရအောင်"

မင်းခ ကိုင်ထားသည့် နှင်းဆီပွင့်ကို လက်ထဲက ချလိုက်ရင်း မိုးသဲကို ထူးဆန်းစွာကြည့်၏။

"ဘာလို့လဲ"

"Vlogရိုက်ချင်လို့၊ ငါ့ vlog ထဲပါလာတဲ့ မင်းရဲ့ အိမ်ကြီးက ရှုပ်နေရင် မင်းပဲ သိက္ခာကျမှာပေါ့၊ မဟုတ်ဘူးလား"

အဓိပ္ပာယ်ပါလှသည့် မိုးသဲရဲ့ အပြုံးကြောင့် မင်းခ ဟက်ခနဲရယ်ချလိုက်သည်။

You've reached the end of published parts.

⏰ Last updated: May 18 ⏰

Add this story to your Library to get notified about new parts!

စိန်ပန်းနီနီWhere stories live. Discover now