"မင်း"
အိပ်ရာထဲ၌ နှစ်ယောက်စလုံး အိပ်မပျော်ကြသေးပါ။ ခေါင်းမိုးကို စိုက်ကြည့်နေရင်းမှ မိုးသဲက စကားစလာ၏။ ထိုကဲ့သို့ တစ်လုံးတည်းအဖျားဆွတ်ခေါ်လျှင် မိုးသဲ စကားအတည်ပြောတော့မည်ကို မင်းခခံစားမိလိုက်သည်။မင်းခပြန်မထူးဘဲ ခန္ဓာကိုယ်တခြမ်းစောင်းကာ လှည့်ကြည့်လိုက်၏။
"ငါလေ နောက်ထပ် master ဘွဲ့ထပ်ယူရင်ကောင်းမလားလို့"
"အင်း Archi ကိုပဲဆက်တက်မှာမလား"
"အင်း"
မင်းခ မိုးသဲကို သူ့ဘက်ဆွဲလှည့်လိုက်ရင်း ထပ်မေးလိုက်၏။
"ဘယ်မှာ သွားတက်ချင်တာလဲ၊ ကိုရီးယားမှာလား"
မိုးသဲခေါင်းညိတ်သည်။ ထို့နောက်
"ဒီကနေ စကော်လာဖြေပြီးမှ သွားရင်ကောင်းမလားလို့"
"ဘယ်လိုလုပ်လုပ် အဆင်ပြေတာပဲ၊ စကော်လာရမှာ သေချာတယ်၊ ကိုယ်နဲ့စတွေ့တဲ့ ၁၆နှစ်သားအရွယ်ကတည်းက ကိုရီးယားစာကို ကြောင်ပုစွန်စားကျွတ်ကျွတ်ဝါးသလို ဖြစ်နေပြီးသား၊ ကျောင်းက final အမှတ်တွေလည်း ကောင်းတာပဲ၊၊ topik စာမေးပွဲဖြေဖို့ စောင့်ရုံပဲရှိတာမဟုတ်လား"
"အင်း ဟုတ်တယ်၊ အဲ့တာ..."
မင်းခကို မရဲတရဲစိုက်ကြည့်လိုက်၏။ ပြီးမှ"တက်ရင်ကောင်းမလားလို့"
"ဟောကြည့် ဒီကောင်လေးကတော့လေ၊ လုပ်ရင်ကောင်းမလားဆိုတာ မရှိဘူး၊ ကိုယ်တက်ချင်တဲ့ဟာပဲကို ကောင်းတာပေါ့၊ အရင်ကတည်းက သွားတက်ချင်ခဲ့တာ မဟုတ်လား၊ အိမ်ကိုပြန်ငဲ့နေရလို့ မသွားဖြစ်တာကို"
မိုးသဲသည် မပြည့်စုံသော မိသားစုဆီက ပေါက်ဖွားခဲ့ရသော်ငြား စာကို တစိုက်မတ်မတ်ကြိုးစားခဲ့၏။ ဘွဲ့မရခင်ကတည်းကပင် သူ့၏ ဒီဇိုင်းပုံများနှင့် Planning ပုံများကို ရောင်းချပြီး ကျောင်းတက်ရင်းပင် မိသားစုကို ပြန်လည်ထောက်ပံ့နိုင်သည်အထိ အလုပ်နှင့်စာကို အသားကုန်ကြိုးစား၏။ အခုအချိန်အထိ အမေနှင့်ညီမလေးနေဖို့ မြို့လယ်ခေါင်တွင် သုံးထပ်တိုက်တစ်တိုက် ဆောက်ပေးခဲ့ပြီးဖြစ်သည်။
YOU ARE READING
စိန်ပန်းနီနီ
Horrorထာဝရဆိုတာ တစ်သက်စာပဲလား... မဟုတ်ဘူး ကမ္ဘာအဆက်ဆက်... #horror #romance (ဖျော်ဖြေရေးသက်သက်သာ ချဲ့ကားရေးထားခြင်းဖြစ်သည်။)