၇ (U+Z)

11 2 1
                                    

Unicode

"မိုးသဲ နိုးပြီလား"
မျက်လုံးဖွင့်လိုက်သောအခါ မူးဝေလျက် အရိပ်များထင်ဟပ်နေသော အမဲရောင် မျက်နှာကျက်ကိုသာတွေ့ရ၏။

တွေ့မြင်ခဲ့ရသော ထိုအရာများသည် အိပ်မက်လော။ ထိုကောင်လေးနှစ်ယောက်သည် မိုးသဲနှင့် မည်သို့ ဆက်နွယ်နေပါသနည်း။ သူတို့နှစ်ယောက်က မိုးသဲကို ဘာပြချင်နေတာလဲ။ မိုးသဲကို ဘာလုပ်စေချင်တာလဲ။

"မင်း ဘာလို့ အခြားအခန်းတွေထဲ လျှောက်ဝင်နေတာလဲ"
မင်းခ၏ မာဆတ်ဆတ်အော်သံ။ မိုးသဲကို တစ်ခါမှ ဒီလိုမအော်ဖူးပါ။ ခေါင်းများမူးဝေနေရာမှာ ထိုအသံကြောင့် လန့်သွားရ၏။ တစ်ချိန်တည်းမှာပင် ရင်ထဲက လှိုက်၍ တစ်ဆို့မှုတစ်ခုသည် လည်ပင်းထဲသို့ ရောက်လာတော့သည်။

မင်းခ ဘာလို့ ငါ့ကို ဒီလိုအော်ရတာလဲ။ ပုံမှန်အချိန်မျိုးတွင် ဒီလိုသာအအော်ခံရပါက ပြန်၍ရွဲ့မည်ဖြစ်သော်ငြား ‌ခန္ဓာကိုယ်အားနည်းနေကာ တစ်စုံတစ်ယောက်၏ ဂရုစိုက်မှုကို လိုအပ်နေသည့် အချိန်ဖြစ်၍ ပို၍ဝမ်းနည်းမိသည်။ အော်သည့်သူသည် မင်းခဖြစ်နေ၍ ပို၍ဝမ်းနည်းရသည်။

"Sorry ကိုယ် အလကားနေရင်း အော်မိသွားတယ်၊ ခဏထဦး ဆန်ပြုတ်သောက်ပြီး ဆေးသောက်ရအောင်လို့"
သူ့ဘာသူအော်ကာ ချက်ချင်း ဆောရီးလာလုပ်နေတယ်။ တတ်လည်းတတ်နိုင်တဲ့ မောင်မင်းခ။

လက်မောင်းအား လာကိုင်သည့် လက်များကို ရိုက်ထုတ်လိုက်၏။ မျက်လုံးများကိုမှိတ်ကာ စောင်ကိုခေါင်းထိလုံအောင်ခြုံလိုက်ရင်း သူ့ကိုအော်တဲ့ကောင်ကို လျစ်လျူရှုလိုက်သည်။

မင်း ကျွေးသမျှ ငါမစားဘူးမှတ်။ အလုပ်မရှိအကိုင်မရှိတဲ့ ငါ့ကို သူ့အိမ်မှာ အလကားလာနေတယ်ဆိုပြီး အနိုင်ကျင့်ပြီပေါ့။ မင်းအိမ်မှာမနေလည်း ငါ့ဘာသာ တစ်ယောက်တည်း ပြင်ဦးလွင်တစ်ခွင် ဘယ်နေရာဖြစ်ဖြစ် အိမ်ငှားနေလို့ရတယ်။ သိလားကွ။
မနက်ဖြန် ငါနေပြန်ကောင်းရင် အိမ်ပေါ်က ချက်ချင်းဆင်းပေးမယ်။

"မိုးသဲ ကိုယ်တကယ် တောင်းပန်ပါတယ်၊ စိတ်မဆိုးပါနဲ့၊ နော် သဲလေး"

စိန်ပန်းနီနီWhere stories live. Discover now