PART-1

942 107 74
                                    

Unicode

" Hey...Everyone !! "

" အားးးးးးးးလန့်လိုက်တာ "

" ဘာလဲကွာ အိပ်နေတာကို "

နမ်ဂျွန်းမှအိမ်ထဲဝင်လာကာအကြီးအကျယ်လှမ်းအော်တော့ ဖုန်းကြည့်နေနဲ့ဟိုဆော့မှလန့်ဖြန့်ကာအော်လျက် ရင်ဘတ်ကိုလက်နဲ့ဖိထားလိုက်တယ်။ တဖက်ခုံတွင်အိပ်နေသူယွန်းဂီကလည်း မကျေမနပ်ရုပ်နဲ့

" နမ်ဂျွန်းဘာလဲ? "

မီးဖိုထဲမှယောက်မကြီးကိုင်ကာထွက်လာသောဂျင်နဲ့အတူသူ့နောက်တွင်ပါလာသူကပဲစိန်လေးပုကျိပေါ့ ကင်မရာတကားကားနဲ့။

" ထယ်ယောင်းရော "

နမ်ဂျွန်းမှမေးတော့ ဂျင်ကတစ်ဖက်ကိုမေးငေါ့ပြတယ်။ TV စင်ရှေ့တွင်မုန့်တွေထိုင်စားနေလေသောငထယ်~~

" လာလာ သတင်းကောင်းပြောမို့ "

အားရပါးရစကားဆိုလျက် ဆိုဖာတွင်ဝင်ထိုင်ကာလူစုလိုက်တော့အားလုံးကလည်းဘာလဲဆိုပြီးမေးငေါ့ပြတယ်။

" အဟမ်း Today..."

" စကားကိုကောင်းကောင်းပြော "

" ဟမ်! အင်း... ကျတော်အလုပ်ဝင်တဲ့CompanyမှာCEOကိုကျတော်ကအကြံပေးလိုက်တာ။ အခုသုံးမယ်စားသောက်ကုန်ထဲမှာအမျိုးစားကိုသက်သက်စီခွဲထုတ်ပြီးပါကင်ထုပ်ဖို့ပြောတော့CEOကလည်းအဲ့အတိုင်းစမ်းထုတ်ကြည့်ပြီးရောင်းချတော့ဖိလစ်ပိုင်ဘက်ကသုံးစွဲသူတွေကသဘောကျကျတယ်တဲ့။ "

" ပြောချင်တာကမင်းအကြံကြောင့်ရောင်းအားကောင်းခဲ့တာပေါ့ "

" ဒါပေါ့အကိုယွန်းဂီရ...အာ့ကြောင့်သူ​ဌေးကကျတော့်ကိုဘောနပ်တွေပေးပြီးတော်လို့ဆိုပြီးခရီးထွက်ဖို့ပေးထားတယ် "

" နိုးမန်းနီးအော့ပဆော့ ဂူချီတွေဝယ်ဖို့ပိုက်ဆံစုနေလို့ကျတော်တော့ခရီးမလိုက်ဘူးနော် "

" အကိုပြောတာနား​ထောင်အုံး။ အခုဟာကသူဝယ်ထားတဲ့အိမ်မှာနေခိုင်းတာ။ အဲ့ဘက်ကိုစိတ်အပန်းဖြေတဲ့အနေနဲ့ခရီးထွက်ခိုင်းတာ "

" အာ့ဆိုကျတော်တို့ကပိုက်ဆံမပါလည်းရတယ်ပေါ့"

" ဒါပေါ့ဂျီမင်းရ။ အာ့ကြောင့်မင်းတို့လည်းအပန်းဖြေရအောင်ငါကသူဌေးကိုပြောပြီးအတူတူသွားမို့ပြင်ထားတာ "

THE ERROR Where stories live. Discover now