PART-8

438 69 9
                                    

UNICODE

' ဂျိန်း '

ကျယ်လောင်တဲ့မိုးချုန်းသံတွေသည်ထယ်ယောင်းရဲ့နားစည်အတွင်းသို့ပေါက်ကွဲသံတစ်ခုလိုကြားစေရပြီးလန့်ထိတ်စွာနိုးထလာစေရသည်။

" မိုးတွေကသည်းလိုက်တာ "

ပြတင်းပေါက်ကိုမျက်နှာမူလိုက်ရင်းခပ်တိုးတိုးသာရေရွတ်မိလိုက်တယ်။ ဘေးကိုကြည့်မိတော့ဂျီမင်းလေးသည်စောင်လေးကိုခြုံကာနှစ်ခြိုက်စွာအိပ်ပျော်နေလေရဲ့။

" ရေသောက်ချင်လိုက်တာ "

အိပ်ယာမှထထိုင်ရင်း ရေဘူးအားလှမ်းယူတော့အခွံလွတ်ဖြစ်နေသည့်ဘူးသာဖြစ်နေလေသည်။ ထို့အတွက်သူသည်အိပ်ယာပေါ်မှအသာဆင်းကာအောက်ထပ်သို့ထွက်လာခဲ့လေသည်။

" ဟင့်...ဟင့်...*sob* "

လှေကားအဆင်းတွင်ဘယ်ကမှန်းမသိကြားနေရသည့်ငိုရှိုက်သံလေးတစ်ခုကြောင့် သူအာရုံစွင့်ကာနားထောင်ကြည့်မိသည်။ မိုးသံတွေနှင့်ရောနေလို့ထင်ပါရဲ့ အသံသည်ဘယ်ကလာမှန်းမသဲကွဲ~

" ဒီအချိန်ကြီးဘယ်သူကငိုနေတာလဲ? တစ်ယောက်ယောက်များရှိနေလားမသိဘူး "

ခြေသံကိုခပ်ဖွဖွကလေးလျှောက်ကာအသံလာရာဘက်ကိုမသေချာမရေရာစွာဖြင့်လိုက်ရှာရင်း ဧည့်ခန်းထဲသို့ရောက်လာခဲ့လေတယ်။

သူဧည့်ခန်းထဲရောက်တော့တိတ်ဆိတ်နေပြီးမှောင်မဲကျနေသည့်အခန်းတွင်းကိုတစ်ချက်ငြိမ်သက်စွာကြည့်မိသည်။ ဖြတ်ခနဲလျှပ်စီးလက်သံနှင့်အတူ အရိပ်အယောင်တစ်ခုသည်လည်းသူ့မျက်စိရှေ့တွင်ထွက်ပြေးသွားသည်ကိုသူထင်ရှားစွာတွေ့လိုက်ရပါသည်။

" ဟေ့! မပြေးနဲ့! "

ညသန်း​ခေါင်ယံအချိန်ကြီးမှာဘယ်သူကအိမ်ထဲမှာလျှောက်သွားနေရတာလဲ? သူခိုးလား? မဖြစ်နိုင်တာမြို့အစွန်ကအိမ်ကလေးတစ်ခုကိုဘယ်လူရမ်းကားသူခိုးဂျပိုးတွေကလာမှာလဲ?

အရိပ်ငယ်နောက်သို့လျှင်မြန်စွာပြေးလိုက်ရင်းမျက်ခြည်မပျက်အောင်ထက်ကြပ်မကွာလိုက်ခဲ့ရတယ်။ သို့ပေမဲ့ထိုအရိပ်လေးသည် အိမ်ရှေ့ခန်းဆီသို့ဦးတည်ကာ တံခါးအားဆွဲဖွင့်ပြီးထွက်ပြေးသွားပြန်သည်။

You've reached the end of published parts.

⏰ Last updated: Aug 21, 2022 ⏰

Add this story to your Library to get notified about new parts!

THE ERROR Where stories live. Discover now