PART-3

449 97 99
                                    

Unicode

ထယ်ယောင်းတို့အားလုံးကိုယ့်အခန်းထဲမှာသာအေးဆေးနားနေကြတယ်။ ညနေစောင်းလောက်မှာဂျီမင်းကအပြင်ထွက်ချင်လာတယ်ပြောလို့ထယ်ယောင်းနဲ့ဂျီမင်းအပြင်ထွက်ရန်ကြံသေးရုတ်တရက်သည်းထန်စွာရွာချလာတဲ့မိုးကြောင့်စိတ်ပျက်စွာဧည့်ခန်းထဲမှာထိုင်နေလိုက်တယ်။

" so cool~~ "

လက်မောင်းနှစ်ဖက်ကိုပွတ်ကာအောက်ထပ်ကိုဆင်းလာရင်းပြောလာတဲ့နမ်ဂျွန်းကိုသူတို့လည်းအရေးလုပ်မနေဘဲTVသာကြည့်နေလိုက်တယ်။

" ကဲ အားလုံးပဲ ဟျောင်းညစာပြင်လိုက်ကတော့မလား "

နမ်ဂျွန်းနောက်ကကပ်ကာဆင်းလာသောဂျင်ကပြောလိုက်တော့ထယ်ယောင်းတို့မှာနောက်ကိုလှည့်ကြည့်ပြီးခေါင်းကိုတဆတ်ဆတ်ငြိမ့်လေတော့တယ်။

" ဒီကမီးဖိုချောင်ကသုံးလို့ရမှာပါနော် "

မီးဖိုခန်းထဲဝင်ကာမီးတွေကိုစစ်ကြည့်နေတဲ့ဂျင်ကိုသူတို့လည်းလွှတ်ထားလိုက်ကြတယ်။

" ငါလည်းဗိုက်ဆာတယ်~~ "

မျက်နှာကြက်ပေါ်တွင်ဇောက်ထိုးရပ်နေကာသူတယောက်ထဲသာကြားနိုင်တဲ့အနေအထားနဲ့ပြောလိုက်သည့်လူသားငယ်။ မကြာသေးမှီကမှ ဟိုဆော့ဆိုသူကောင်လေးရဲ့ကိုယ်ထဲကနေထွက်လာခဲ့ပြီးထယ်ယောင်းဆိုသူလည်းကောင်လေးကိုလည်းစနောက်ခဲ့ပြီးပြီ။ သူအခုဗိုက်ဆာတယ်။

" အားး ထယ်ယောင်းဘာလုပ်တာလဲ "

ဂျီမင်းမှာအလန့်တကြားထအော်တော့ထယ်ယောင်းမှာအိပ်ငိုက်နေတာတောင်ဘယ်ရောက်သွားလဲမသိတော့ဘူး

" ဘာ..ဘာလုပ်လို့လဲ "

" မင်း ငါ့ပေါင်ကိုလာဆွဲဆိတ်တာလေ "

" ဘယ်မှာဆိတ်လို့လဲ ငါအိပ်ငိုက်နေတာကွ "

" မင်းလိမ်တာ ဒီမှာကြည့်အုံး ငါ့ပေါင်ဖွေးဖွေးလေးနီတွတ်သွားတာပဲ "

ဘောင်းဘီအတိုလေးဝတ်ထားတဲ့ဂျီမင်းဟာသူ့ပေါင်ကိုပြတော့နမ်ဂျွန်းလည်းရေဒီယိုနားထောင်နေရာကနေလာကြည့်တော့ လက်ဆပြင်းသွားသလားပဲ။ နီတွတ်နေတာခါချဥ်အကောင်20​လောက်ကိုက်ထားသလိုပင်။

THE ERROR Where stories live. Discover now