PART-5

442 89 68
                                    

Unicode

" ချွမ်းးး...ကျွီးးး.."

" ဘာသံလဲ? "

ဆိုဖာပေါ်တွင်ထိုင်နေတဲ့နမ်ဂျွန်းကထိုအသံကြောင့်TVကြည့်နေတာကိုစိတ်ဝင်စားဟန်မပြုတော့။

" ထားလိုက်ပါ "

ဂျီမင်းကရုပ်ရှင်ဆက်ကြည့်ရန်သာပြောတော့နမ်ဂျွန်းကသွားကြည့်ချင်နေတာကြောင့်သူတယောက်ထဲသွားကြည့်ရန်ဆုံးဖြတ်လိုက်လေသည်။

မီးဖိုခန်းထဲကိုအသံတိတ်ဝင်သွားရင်းရေကျနေတဲ့ဗေဇင်ဆီကိုတစ်လှမ်းခြင်းလှမ်းခဲ့တယ်။

" အော် မိုးတအားရွာလို့ရေအားများပြီးပိုက်ခေါင်းပွင့်သွားတာထင်တယ် "

ကိုယ့်အတွေးကိုပြန်ပြောရင်းရေပိုက်ခေါင်းဆီလက်ထိုးကာလက်ဆေးဖို့ပြင်လိုက်တယ်။

" အေးနေတာပဲ "

ပါးချိုင့်နက်တွေပေါ်တဲ့အထိကျေနပ်ပြုံးပြုံးကာလက်ကိုပွတ်ဆေးလိုက်တယ်။

" Oh man~~ what's this? "

တဖြည်းဖြည်းအနီရောင်ပြောင်းလဲသောရေတွေကိုကြည့်ပြီးနမ်ဂျွန်းရေရွတ်မိလိုက်တယ်။

" Arr shit. Oh sorry သွေးတွေပဲ "

အလန့်တကြားဖြစ်ကာလက်ကိုထုတ်ယူပြီးအရှေ့ကိုပြေးထွက်သွားလေတော့တယ်။

" အားးးးးး "

" အားးးးးးး "

နမ်ဂျွန်းရဲ့အော်သံကြောင့်အားလုံးမှာလည်းသရဲကားကြည့်နေတာကြောင့်လန့်သွားပြီးထအော်မိခြင်းပင်။

" အားးးသွေးတွေ သွေးတွေ "

" ဘယ်သူရှူးပေါက်ချလို့တုန်း "

နမ်ဂျွန်းကကြောက်လန့်စွာပြောနေပေမဲ့ထယ်ယောင်းကနားကြားမှာကာအူကြောင်ကြောင်နဲ့မေးလာတော့တယ်

" သွေးတွေပါဆို "

နမ်ဂျွန်းမှာသူ့လက်တွင်ပေနေသောသွေးတို့အားလက်ထောင်ပြနေပေမဲ့အားလုံးရဲ့အမြင်မှာတော့ရေစိုနေတဲ့လက်သာမြင်ရတယ်။

" ရေတွေလေ "

" ဘယ်ကသာ သွေးတွေလို့ "

နမ်ဂျွန်းတယောက်ထဲသာကွက်မြင်နေရသောသွေးပေနေသောလက်ကိုကျန်တဲ့သူတွေကတော့ရေတွေလို့သာမြင်နေတယ်လေ။

THE ERROR Where stories live. Discover now