PART-7

445 68 4
                                    

UNICODE

" သခင်~ "

" ငါဘာပြောခဲ့လဲ! "

ထိုလူ့ထံမှရလိုက်သည့်အော်သံတစ်ခု။.သူ့ရင်ထဲထိတုန်လှုပ်သွားစေပါသည်။ သခင်ဆိုသည့်လူကသူ့အပေါ်အနိုင်ပိုင်းလွန်းသည်။ သူအသည်းထဲထိစိုးထိတ်စွာဖြင့်ကြောက်ရွံ့ရပါသည်။

" တေ-တောင်းပန်ပါတယ် သခင် "

" အဝါရောင်ငယ်ကိုဘာမှမထိခိုက်စေဖို့မင်းကိုပြောခဲ့တယ်မို့လား "

" ကျွန်တော်တောင်းပန်ပါတယ်သခင်။ အရှင်လေးကသူ့ဘာသာထိခိုက်မိတာပါ "

" ဝုန်း! "

ဆောင့်တွန်းခံလိုက်ရသည့်ကိုယ်ငယ်လေးသည် အရှိန်ဖြင့်အနောက်သို့လွှင့်စင်သွားကာနံရံဖြင့်ဝင်ဆောင့်မိလေသည်။ ကျောရိုးတွေကွဲကြေသွားပြီလားလို့တောင်ခံစားမိလိုက်ရသည့်နာကျင်မှု။ သခင်ရက်စက်လိုက်တာ။

" အင့် "

ပါးစပ်ထဲကနေထွက်ကျလာသည့်သွေးနီနီတွေကသူ့နာကျင်မှုကိုလှောင်ပြောင်နေသလိုပင်။ သခင်သည်လည်းသူ့ကိုဂရုမစိုက်သလို သူ့နှလုံးသားကိုလည်းဂရုစိုက်မည်မဟုတ်ပါ။ သူ့ရဲ့နာကျင်မှုဆိုဝေးလေစွပေါ့။ သခင်ကသူ့ရဲ့အရာရာကိုမျက်ကွယ်ပြုနိုင်လွန်းပါသည်။ သူကသာသခင့်ရဲ့အရာရာတိုင်းကိုမျက်ကွယ်မပြုရက်နိုင်ခဲ့တာပါ။

" အဝါရောင်ငယ်ကို ငါလိုချင်တယ်။ သူ့ကိုမရရအောင်ငါ့ဆီခေါ်လာခဲ့။ ဘာကိုမှမထိခိုက်စေနဲ့ "

" ဟုတ်ကဲ့ပါသခင် "

ဒူးတစ်ဖက်ထောက်ကာထိုင်လျက်သားဖြင့်သခင့်အားခေါင်းငုံ့ရင်းစကားဆိုလိုက်သည်။ အခန်းထဲမှသခင်ထွက်သွားတော့ သူသည်လည်းထိုနေရာမှထကာ ထွက်လာခဲ့လိုက်သည်။နာကျင်နေသည့်ရင်အစုံတို့ကိုလျစ်လျူရှုပြီးတော့ပေါ့။

///

" ဂျောင်ကု... "

တစ်စုံတစ်ခုကလှုပ်နှိုးနေသည့်ခံစားချက်မို့မျက်လုံးအသာယာဖွင့်ကြည့်တော့ သူ့ကိုစိတ်ပူစွာကြည့်နေသည့်ဂျီမင်းကိုတွေ့လိုက်ရတယ်။ တစ်ဖက်ကိုစောင်းကြည့်လိုက်တော့ ပြတင်းပေါက်အပြင်ဘက်ကိုငေးကြည့်နေသည့်ထယ်ယောင်း။ အခန်းထဲမှာသူတို့သုံးယောက်ပဲရှိနေလေသည်။

THE ERROR Where stories live. Discover now