PART-4

407 86 104
                                    

Unicode

" ဟျောင်း! "

ထယ်ယောင်းမှာအော်လျက်ယွန်းဂီတို့အခန်းထဲပြေးဝင်သွားကြတယ်။ ဂျင်ပါအတူတူပြေးဝင်သွားကြတယ်။ အခန်းထဲမှာတော့အိပ်ပျော်နေတဲ့ယွန်းဂီတို့။

" ယွန်းဂီဟျောင်း ထတော့ "

" ဟင်.. အင်း "

ထယ်ယောင်းမှာယွန်းဂီတို့ကိုလှုပ်နိုးတော့အကုန်လုံးထလာကြတယ်။ နမ်ဂျွန်းကလည်းမျက်နှာငယ်လေးနဲ့အခန်းထဲဝင်လာတယ်။

" ဝါးးး ဟျောင်းတို့ပါလား "

ဂျီမင်းမှာအပျင်းကြောဆန့်ရင်းပြောလိုက်တယ်။ မိုးအေးအေးလေးနဲ့ကွေးလို့ကောင်းနေတာကို။

" မင်းဆေးလာလူးတာမဟုတ်လား ဘယ်လိုလုပ်အိပ်ပျော်သွားတာလဲ "

" ဟင် ဆေးလူးပြီးအိပ်ချင်လာလို့ မိုးကလည်းအေးတယ်လေ အဲ့တာနဲ့သုံးယောက်လုံးအတူတူအိပ်လိုက်တာ "

ဂျီမင်းရဲ့စကားကိုဟိုဆော့ကလည်းထောက်ခံတယ်။ သေချာတာကတော့ညနေတုန်းကကိစ္စကမေ့ပျောက်သွားသည့်ပုံပင်။

ဒါမှမဟုတ် ဒါကယွန်းဂီရဲ့အိမ်မက်တစ်ခုလား?

" ညစာစားမို့လာခေါ်တာ "

" စားမယ်လေ ဗိုက်ဆာလာပြီ "

ယွန်းဂီမှာအိပ်ယာကနေထကာအခန်းပြင်ကိုမှိုန်ကုပ်ကုပ်နဲ့ထွက်သွားတယ်။

' ခွမ်း ခလွမ်း '

အောက်ထပ်မှ ဇွန်းတွေပြုတ်ကျသံကြားတော့အကုန်လုံးအောက်ဆင်းကာသွားကြည့်ကြတယ်။

" ကုန်ပါပြီ ငါ့ဟင်းတွေ "

ဂျင့်မှာပြာယာခတ်ကာအော်ပြီးလေးထောင့်စားပွဲပေါ်တွင်တင်ထားသော ဟင်းခွက်အလွတ်များကိုကြည့်ရင်း ဆောင့်အောင့်ကာထိုင်ခုံပေါ်တွင်ဝုန်းခနဲထိုင်ချလိုက်သည်။

" ဘယ်သူစားသွားတာလဲ "

ဟိုဆော့မှာလဲမေးလေတော့သည်။ထိုအခါမှဂျင်နဲ့ထယ်ယောင်းကတခုခုကိုစဥ်းစားမိကာနမ်ဂျွန်းဘက်ကိုအကြည့်ရောက်လေသည်။

" ဘာလို့ကျတော့်ကိုကြည့်တာလဲ။ဂျင့်ဟျောင်းကျတော်မစားဘူးနော် "

THE ERROR Where stories live. Discover now