𝐋𝐢𝐥𝐚𝐜

3.2K 137 8
                                    

- Unicode -

ခရမးရောင်Lilacတွေက အချစ်ဦးကို ရည်ညွှန်းတယ်။တစ်စုံတစ်ယောက်နဲ့ တွေ့မှ အချစ်ကို ပထမဆုံးခံစားဖူးတာကိုရည်ညွှန်း
တယ်။

-----

Februaryလ ကုန်ခံနီးဖြစ်တာကြောင့် နွေဦးသည် တဖြည်းဖြည်း ပိုပိုနီးစပ်လာသည်။ နွေဦး အရိပ်အယောင်တွေသည်လည်း ပိုပိုပေါ်လွင်
လာသည်။ကောင်းကင်ပြာကြီးသည်
လည်း ဖြူဖွေးအုနေသည့် တိမ်အဖြူလေးတွေ ပြည့်နှက်နေပြီး နွေဦးမှာ ပိုပြီးလှပတာ
မဟုတ်လား။သူ့အရှေ့ဖက်က ပန်းခင်းဖြူဖြူဖွေးဖွေးတို့ကလဲ သူ့ကိုစောင့်ကြိုနေပြီ။

ဒီနွေဦးမှာတော့ SungHoon သူ့ခံစားချက်တွေကို ထုတ်ပြချင်သည်။သူဖုံးကွယ်ထားတာလဲ နှစ်နှစ်လောက် ရှိပြီလေ။

အတွေးထဲ နှစ်မြောနေရင်း.....

"SungHoonဒီနေ့ရော ဘာပန်းအကြောင်းလဲ။"

ဆံပင်အဝါတွေကို သပ်တင်နေရင်း သူ့ကိုလှမ်းကြည့်ပြီး ပြောတာကြောင့် သူ့အကြည့်တွေကို လွှဲလိုက်ပြီး
တခြားနေရာကို ကြည့်လိုက်သည်။

Jayက မြက်ခင်းပြင်တွေပေါ်မှာ လှဲအိပ်နေပြီး Sunghoonကတော့ မြက်ခင်းပြင်ပေါ်မှာ ထိုင်နေသည်။ နှစ်ယောက်တည်း တူတူရှိနေရင် သက်တောင့်သက်သာဖြစ်သလို သူနေရလဲ
ခက်ပြန်သည်။

"မင်းသဘော၊ မင်းဘာပန်းအကြောင်းကြားချင်လဲ Jay"

"အင်း.... ငါက ဟိုနားပန်းအကြောင်းသိချင်တယ်။"

Jayသူ့ကို လက်ညှိးထိုးပြတဲ့ပန်းကို ကြည့်လိုက်တော့ ခရမ်းရောင်Lilacတွေက ခြုံပင်ကြီးလို အများကြီးနဲ့ လှပနေကြသည်။
လေတဖြူးဖြူးတိုက်နေတာကြောင့် Lilacပန်းရနံ့ သင်းသင်းတို့သည် သူတို့နား ရောက်လာသည်။

"Lilacတွေက မြောက်အမေရိကမှာ အများကြီးရှိတယ်။ပြီးတော့ သူတို့ရဲ့ မူလက အာရှရယ် ဥရောပဖက် ကရယ်။သူတို့က အနံ့လေးတွေမွှေးတယ် လှလဲလှတယ်။ တချို့လူတွေက သူတို့ကို နှင်းဆီပန်းတွေထပ် ပိုကြိုက်ကြတယ်။"

"LilacကFrenchဘာသာစကား Spainဘာသာစကားကလာတဲ့ စကားလုံးကို ယူထားတာ။Victorianခေတ်တုန်းက ပေးတဲ့လူက လက်ခံသူကိုမြင်ရင် အချစ်ဦးကိုသတိရစေတယ် ဆိုတဲ့ အဓိပ္ပါယ်နဲ့ပေးခဲ့ကြတယ်"

DAISYWhere stories live. Discover now