𝐓𝐮𝐥𝐢𝐩𝐬

582 108 4
                                    

Unicode

အဝါရောင် Tulipsတွေရဲ့အဓိပ္ပါယ်က မျှော်လင့်ချက်မရှိတော့တဲ့ အချစ်။ အဝါရောင်Tulipsတွေကို တစ်စုံတစ်ယောက်ကို ပေးတဲ့အခါ သင်ချစ်ရတဲ့သူက သင့်ရဲ့ခံစားချက်တွေကို ဘယ်တော့မှ တုန့်ပြန်မှာမဟုတ်တာကို သင်သိတယ်လို့ ရည္ညႊန္းသည္။

---

ဒီနေ့ကတော့ ဆောင်းဟွန်းအတွက်ထူးခြားတဲ့နေ့
တစ်နေ့ဖြစ်သည်။ April 20 ၊ Jayရဲ့မွေးနေ့။ Jayမွေးနေ့ဖြစ်တာကြောင့် မွေးနေ့ရှင်ထပ် သူကပိုပြီးစိတ်လှုပ်ရှားနေမိသည်။ သာမာန်လိုမဟုတ်ပဲ Jayမွေးနေ့ဖြစ်တာကြောင့် Jayကြိုက်တဲ့ အမဲရောင်ပါသည့် ဆွယ်တာတစ်ထည်ကို ဘောင်းဘီအဖြူဖြင့် တွဲဖက်ဝတ်ဆင်လိုက်သည်။

Daisyပန်းပုံလေးတွေကို ကိုယ်တိုင်ရေးဆွဲထားတဲ့
ပန်းချီကားလေးကို ကိုင်ရင်း Jayစီသို့….။

ဒီနေ့မှ ခြေလှမ်းတို့ဟာ အရင်နေ့တွေကထပ် မြန်နေပြီး ရာသီဥတုကလဲ သာယာနေသည်။ ကောင်းကင်အပြာရောင်နုနုပေါ်တွင် ဖြူဖွေးနေသည့် တိမ်လှလှလေးများ ပြည့်နှက်နေပြီး လေတဖြူးဖြူးတို့ တိုက်ခတ်နေသည်။Jayဟာ သူ့ကိုDaisyပန်းခင်းထဲ တွေ့မယ်လို့ ကတိပေးသွားသည်။ 

ပန်းခင်းထဲ ထိုင်ချလိုက်ပြီး ယူလာသည့်
စာအုပ်တစ်အုပ်ကို ဖတ်နေသော်လည်း အာရုံစိုက်မရပေ။သူ့အာရုံတွေက ဒီနေ့Jayသူ့ကို လာတွေ့တာကိုသာ မျှော်လင့်နေမိသည်။ Jayက ကတိတွေကို လွယ်လွယ်ဖျက်တက်သည့် လူမျိုးမဟုတ်မှန်း အပြည့်အဝယုံကြည်သည်။

Jayအတွက် မနားမနေရေးဆွဲခဲ့သည့် ပန်းချီကားချပ်လေးဖြစ်တဲ့အပြင် သူ့အတွက်လဲ အဓိပ္ပါယ်ရှိသည့် ပန်းလေးဖြစ်တာကြောင့် ပိုပြီး စိတ်နှစ်ထားခဲ့သည်။ သဘောကျပေးရင် ကောင်းမှာပဲ။

တစ်နာရီ ၊

နှစ်နာရီ ၊

သုံးနာရီ ၊

လေးနာရီ ၊

ငါးနာရီ ၊

ခြောက်နာရီ ၊

ဟင့်အင်း ။ Jayကလာတွေ့မှာပါ။ Jayက ကတိတွေကို ဒီလိုဖျက်တက်တဲ့ လူမျိုးမှမဟုတ်တာ။ ဒါပေမယ့် ခြောက်နာရီကြာနေပြီဖြစ်သည်။ အရိပ်အယောင်တောင်မတွေ့ရသေး။ သူ့အောက်နှုတ်ခမ်းတွေကို ဖိကိုက်လိုက်ပြီး မျက်အိမ်မှ ဝဲတက်လာသည့် မျက်ရည်တို့ကို လျစ်လျူရှူလိုက်သည်။

DAISYWhere stories live. Discover now