Unicode
ဒီနေ့မှ တိမ်စိုင်တွေကပိုလှနေတာပဲ...။
တိမ်စိုင်တွေကို လေထဲလွင့်မြောသွားချင်တယ်။
မင်းရှိတဲ့နေရာကို...တိမ်စိုင်တွေလို လွင့်မြောရင်း အရောက်လာချင်တယ်။ အပေါ်စီးကနေ ကြည့်ရတဲ့ ရှူခင်းတွေတအားလှတယ် ၊ မင်းဆို ဒီရှူခင်းတွေကို နေ့တိုင်းတွေ့ရမှာပဲ။ တိမ်တွေနဲ့ နီးတယ်...၊ တိမ်တွေအရမ်းလှတယ် ၊ တိမ်တွေပေါ်ကနေ လေညှင်းတွေကို ခံစားကြည့်မယ်။နောက်ဆုံးတော့….
ဒေစီတွေပေါ် အနီရောင်တွေ ဖုံးလွှမ်းခဲ့….။
---
ဒီနှစ်နွေသည် မနှစ်ကထက် ပိုပူမည်ဟု မိုးလေဝသ သတင်းတွေက ကြေညာထားသည်။ လမ်းတစ်လျှောက် စိမ်းစိုနေသည့် သစ်ရွက်တို့အစားခြောက်ကပ်နေပြီး အညိုရောင်သမ်းနေသည့် သစ်ရွက်များနှင့် သစ်ရွက်မရှိသောကြောင့် အလွတ်ကြီး ဖြစ်နေသော သစ်ကိုင်းတို့ကိုသာ တွေ့နေရသည်။
အရင်နှစ် Aprilလတွေနှင့် မတူညီတော့ပဲ နေရောင်သည် ပူပြင်းနေသည်။ရုတ်တရက် ခြောက်ကပ်ပူပြင်းနေသည့် Aprilလတွင် သူ့ရင်ကို အေးမြစေသည့် လူတစ်ယောက်ကို မထင်မှတ်ပဲ သတိရသွားသည်။ဒီလိုပူပြင်းလှသည့် အပူရှိန်သည် Jayရင်ထဲက အပူရှိန်လောက်တော့ ပိုပူပြင်းနိုင်ပါ့မလား…….။
သီချင်းခပ်အေးအေးတစ်ပုဒ်ကို ညည်းရင်း ကားကိုခပ်ဖြည်းဖြည်းမောင်းခဲ့သည်။ အမှတ်တရတွ ၊ ေချစ်ခြင်းမေတ္တာတွ
ေပြည့်နှက်နေသည့် ဒီနယ်မြို့လေးကို
အခုနှစ်ထဲ ပထမဦးဆုံး ပြန်လာခြင်းဖြစ်သည်။
အလုပ်ကိစ္စရော အစအနပျောက်သွားသည့် သူ့ရဲ့တစ်ဦးတည်းသော လူတစ်ယောက်ကို တမ်းတတာကြောင့်လဲပါသည်။~
လွန်ခဲ့သော ၅နှစ် ၊
Aprilလ...Jayအတွက်တော့ အဆိုးဝါးဆုံး Aprilလဖြစ်သည်။မြို့မှာကောင်းကောင်းနေနေရင်း ရုတ်တရက် အဖေဖြစ်သူ ရာထူးကို လောဘတက်သဖြင့် နယ်မြို့လေးကို ပြောင်းရွှေ့လာရသည် ထို့နောက် သူ့ရောဂါကိုလဲ အကြောင်းပြသေးသည်။
စရောက်လာကတည်းက စိတ်ဆက်နေပြီး အပြစ်ကင်းသည့် Daisyတို့ကို စိတ်ဆိုးနေမိသည်။