𝐃𝐚𝐢𝐬𝐲

662 116 5
                                    

Daisyတွေက Aprilလရဲ့မွေးလပန်းတွေဖြစ်ပြီး အပြစ်ကင်းမဲ့ခြင်း ဖြူစင်ခြင်းတို့ကို ရည်ညွှန်းတယ်။နောက်အဓိပ္ပါယ်တစ်ခု
ကတော့ I'll Never Tellတဲ့လေ။

---

Jayသူ့ကို နမ်းလိုက်တဲ့နေ့ကစပြီး သူJayကိုသိသိသာသာရှောင်နေလိုက်သည်။
အဲ့နေ့ကတည်းက စပြီး သူရင်တွေပိုပိုခုန်လာတဲ့
အပြင် နမ်းတဲ့အကြောင်းအရင်းကို မေးလိုက်ချင်သည်။ သို့သော် သူ့မှာ သတ္တိအလုံအလောက်မရှိ။ ပြီးတော့ Jayကလဲ ဆိုင်သူရှိသေးသည်။

Aprilလဖြစ်တာကြောင့် Daisyဖြူဖြူလေးတို့က နေရောင်ခြည်အောက် အလွန်လှပနေသည်။
Jayကို ဘယ်လောက်ချစ်ကြောင်း Daisyတွေထံ ပြောပြချင်သည်။ Daisyတွေသည် ဘယ်တော့မှ မပြောတတ်တဲ့ အမျိုးအစားမဟုတ်လား။
အဖြူရောင်ပန်းလေးတွေရဲ့ အလယ်က
အဝါရောင်ဝတ်ဆံလေးတွေကို  သူအလွန်သဘောကျသည်။

Daisyပန်းခင်းကြီးထဲ ဖြစ်ပျက်သမျှအရာတွေကို မေ့လိုက်ပြီးအိပ်စက်လိုက်သည်။
လေနွေးနွေးလေးတွေ အပြင် လေထဲ ဟိုဖက် သည်ဖက် ယိမ်းယိုင်နေသည့် Daisyလေးတွေကလဲ စိတ်အေးချမ်းစေသည်။ တစ်နေ့တော့ ဒီပန်းခင်းထဲ ပန်းချီလာဆွဲပြီး Jayအတွက် မွေးနေ့လက်ဆောင်ပေးချင်သည်။ Aprilလထဲတွင် ချစ်ရသည့်သူ မွေးနေ့ရှိသည်။

"SungHoon"

ရုတ်တရက် Jayအသံကြားကြားချင်း အိပ်စက်နေရာမှ ကုန်းထလိုက်ပြီး ဘေးနားက ချထားသည့် စာအုပ်တို့ကိုသယ်ရင်း ပန်းခင်းထဲက ထွက်သွားရန် ပြန်နေစဉ်

"ငါ့ကို ဘာလို့ရှောင်နေတာလဲ"

"မရှောင်ပါဘူး"

"လွမ်းနေခဲ့တာ SungHoonမရှိလို့"

အဲ့ဒါဆို ဘာလို့လာမရှာတာလဲလို့ မေးချင်ပေမယ့် ဘာမှမဟုတ်တဲ့ ဒီတိုင်း သူငယ်ချင်း
ဆက်ဆံရေးမှာ မလိုအပ်ပဲ အတွန့်မတက်ချင်ပြန်။သူ့ကို ပရောပရည်လို့ အမည်တပ်လို့မရပေမယ့် ပရောပရည် လာလာလုပ်တဲ့Jayကြောင့် ရင်တွေခုန်ပြီး စိတ်လှုပ်ရှားရသည် ဒါပေမယ့် အေးတိအေးစက် မျက်နှာအနေအထားဖြင့်သာ ဟန်ဆောင်လေ့ရှိသည်။

DAISYWhere stories live. Discover now