𝐂𝐨𝐬𝐦𝐨𝐬

605 104 12
                                    

Unicode [ Happy September Y'All ]

Cosmosတွေက ချစ်ရတဲ့ တစ်စုံတစ်ယောက်
အပေါ် ထားတဲ့ခံစားချက်ကို နက်နက်ရှိိုင်းရှိုင်းဖော်ပြတာကို ရည်ညွှန်းတယ်။ 

----

"လူနာ ဒီကိုကြည့်ပါဦး"

မူးဝေနေတဲ့ ဝေဒနာတွေပျောက်ကွယ်သွားပြီး ရုတ်တရက် ခေါင်းထဲ ဗလာဖြစ်သွားသည်။ မျက်နှာကျက် အဖြူရောင်သည် ဆေးအချို့ကွာနေပြီး လေတိုက်တာကြောင့် မျက်နှာပေါ် တစ်စ နှစ်စ ကျလာရသည်။ ဓာတ်မီးဖြင့် မျက်လုံးတွေကို
ထိုးနေတာကြောင့်လက်ဖြင့် ကွယ်လိုက်သည်။

"အဆင်ပြေပါတယ် စိုးရိမ်စရာမရှိတော့ပါဘူး လူနာလဲ အနားယူလိုက်ရင် ပြန်ကောင်းသွားမှာပါ သား"

Jayသည် SungHoonကုတင်ဘေးနားတွင် ဆရာဝန်နှင့်စကားပြောနေပြီး အခန်းအပြင်
ထွက်သွားလေသည်။ သူကတော့ ဘာကိုမှ မမှတ်မိချင်ပေမယ့် အစအဆုံးအကုန်
မှတ်မိနေသေးသည်။ Father.Samပြောတာလဲ မှန်တာပဲလေ ၊ ဒါပေမယ့် သူကJayကိုချစ်သည်။ ထို့ကြောင့် သူ့ဖက်က စပြီးထွက်သွားဖို့ဆိုတာ မဖြစ်နိုင်ပေ။ ကုတင်ပေါ်ကနေ အခန်းအဝကို
ကြည့်နေရင်း Jayက အလျင်အမြန်ပြေးဝင်လာပြီး သူ့လက်တွေကို ဆုပ်ကိုင်ရင်း စကားလုံးတို့ကိုပြောသည်။

"SungHoon ဘယ်လိုနေသေးလဲ ဘယ်နားနာလဲ"

"ဟင့်အင်း ငါအဆင်ပြေပါတယ်"

"စိတ်ပူနေတာ"

"မပူနဲ့တော့ ငါအဆင်ပြေတယ်"

Jayက သူ့စကားအဆုံး သူ့နှဖူးကို တောက်လိုက်ပြီး ဆံနွယ်တွေကို သပ်တင်ပေးနေသည်။Jayက သူ့အတွက် မူးယစ်ဆေးဝါးလိုပင်။မကောင်းမှန်းသိနေပေမယ့် ရှေ့ဆက်ပြီး တိုးချင်နေမိသည်။ ချိုမြန်ပြီး ခါးသပ်သပ်အရသာတို့ကလဲ ရောယှက်န
ေသေးသည်။စကားတွေဆက်မပြောကြတော့ပဲ အကြည့်ချင်းသာ ထပ်တူကျနေတော့သည်။ မျက်ဝန်းတွေက ဘာပြောချင်နေတာပါလိမ့်။

"ဆေးရုံဆင်းလို့ရပြီတဲ့ SungHoon
လာခဲ့ အိမ်လိုက်ပို့ပေးမယ်လေ"

"ဒီနေ့ ငါတောင်းဆိုတာလိုက်လုပ်ပေးနိုင်မလား"

"ငါ Cosmosတွေကို ကြည့်ချင်တယ် လိုက်ပို့နိုင်မလား"

DAISYWhere stories live. Discover now