-Unicode-
Daffodilတွေက Marchလရဲ့ ပန်းဖြစ်ပြီး နွေဦးရဲ့အစလဲဖြစ်တယ်။ပြန်လည် မွေးဖွားခြင်း ၊
ခွင့်လွှတ်ခြင်း ၊ အသစ်တစ်ဖန်စတင်ခြင်း ၊ မျှော်လင့်ချက်တို့ကို ရည်ညွှန်းတယ်။-----
Marchလထဲ ရောက်ပြီဖြစ်တာကြောင့် Daffodilsအဝါလေးတွေသည် သူ့လဖြစ်တာကြောင့် ယခင်ကထက် ပိုပြီးလှနေသယောင်ဖြစ်နေသည်။
တောအုပ်အလယ်လောက်က ကြည်လင်နေပြီး အောက်ခြေကကျောက်တုံးအဖြူလေးတွေအထိ မြင်နေရတဲ့ သဘာဝရေအိုင်အပြာရောင်ဘေးတွင်
လှလှပပပေါက်နေကြသည်။နွေဦးရောက်ပြီဖြစ်သောကြောင့် နေရောင်ခြည်နွေးနွေးတို့သည်လည်း မြေပြင်ပေါ်ကျရောက်နေသည်။ လေတဖြူးဖြူးတိုက်သောကြောင့် Daffodilsတို့ဟာ လည်း လေထဲ ကခုန်နေသယောင် ပင်။
SungHoonက Daffodilsတွေအနားထိုင်ရင်း လကထဲက စာအုပ်ကိုသာ အာရုံစိုက်ပြီး
ဖတ်နေသည်။အမြင်အာရုံမကောင်းတာကြောင့် မျက်မှန်အမဲလေးတပ်ထားပြီး ခေါင်းတောင်
မဖော်နိုင်ပဲ စာအုပ်ကို သည်းကြီးမည်းကြီး ဖတ်နေသည်။အချစ်အကြောင်း။ ဒီစာအုပ်ထဲမှာတော့ တကယ်ဝမ်းနည်းစရာ အချစ်ဇာတ်လမ်း
အကြောင်းပါလား။ SungHoonဖတ်ရင်းနဲ့ မျက်ရည်ပါကျမိသည်။သူ့အကြောင်း သူသိလို့ လူတွေမသိနိုင်သည့် တောအုပ်အလယ်က ရေအိုင်နား စာအုပ်လာဖတ်ပြီး တစ်ယောက်တည်း ငိုနေတာဖြစ်သည်။ စာအုပ်အပေါ် အရမ်းစိတ်နှစ်ပြီးရင် အပြင်လောကကို ပြန်လာဖို့ တော်တော် အားစိုက်ယူရသည်။
"SungHoon ငိုနေတာလား။ ဒီစာအုပ်ဖတ်ရင်း"
"ဘယ်-----ဘယ်လို ရောက်လာတာလဲ!"
"Father.Samပြောပြတာ SungHoonက ဒီကိုလာလေ့ရှိတယ်တဲ့။"
Shirt အင်္ကျီအပြာ လက်တိုကို Jeans အနက်ရောင်တို့နှင့် တွဲဝတ်ထားပြီး နေကာမျက်မှန်ကို အင်္ကျီအိတ်ကပ်ထဲ
ထည့်ထားသည်။ Jayဝတ်ပုံစားပုံသည် SungHoonနှင့် လုံးဝ မဆက်စပ်ပေ။SungHoonသည် ရိုးရိုး T-Shirt
အပွကြီးတွေရယ်၊ချည်သားဘောင်းဘီလိုလိုတွေရယ်ကို ဝတ်ဆင်လေ့ရှိပြီး တစ်ခါတစ်လေ SungHoonမေမေထိုးပေးတဲ့ သိုးမွှေးအင်္ကျီတို့ကို သာဝတ်ဆင်လေ့ရှိသည်။