𝐒𝐦𝐞𝐫𝐚𝐥𝐝𝐨

751 99 19
                                    

Smeraldoပန်းတွေဟာ လှပပေမယ့် မပြောခဲ့ရသော အမှန်တရား ၊ ထုတ်ဖော်မပြခဲ့ရသော ခံစားချက်တွေကို ရည်ညွှန်းသည်။

---

ဆေးရုံအခန်းအတွင်း မျှော်လင့်ချက် အရိပ်အယောင်များ သမ်းနေပြီး ဝမ်းနည်းသည့် အရိပ်အယောင်တို့ကလဲ ရောယှက်နေသည်။ ကုတင်ပေါ်က Jayသည် ဆေးပိုက်များကြား ခံစားချက် ကင်းမဲ့နေ့သည့် လူတစ်ယောက်လို လှဲလျောင်းနေသည်။ကုတင်ဘေးတွင် တင်ထားသည့် ကျုးလစ် အဝါရောင်လေး နှစ်ပွင့်ကလဲညှိးနွမ်းနေပြီးခြောက်သွေ့စပြုနေပြီဖြစ်သည်။သို့သော် Jayမျှော်လင့်နေသော သတင်းကို Jayကြားခဲ့ရသည်။

"Jayရေ သားလေ အခု နှလုံးအလှူရှင် ရပြီတဲ့"

"တစ်ပါတ်အတွင်း ကံကောင်းစွာနဲ့ နှလုံးအလှူရှင်ရသွားတာ"

"မေမေ အဲ့ဒီပိုင်ရှင်က ဘယ်သူလဲဟင်"

ပျော်ရွှင်သည့် အရိပ်အယောင်ဖြစ်သွားသည့် Jay၏ မျက်ဝန်းတွေ ၊ ကွေးတက်သွားသည့် နှုတ်ခမ်းပါးလေးတွေသည် SungHoonရင်ကို အဆက်မပြတ် ခုန်လာစေသည်။ သို့သော် ရုတ်တရက် Jayမေးလိုက်သော မေးခွန်းအောက် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြီး သူအပါအဝင် လူတိုင်းမျက်နှာပျက်သွားသည်။

"အမည်မသိတဲ့ လူတစ်ယောက်ပေါ့ သားရယ်"

Jay၏ နှလုံးအစားထိုးခွဲစိတ်မှုသည် နောက်ဆုံးတော့အတည်ဖြစ်လာတော့မည်။သူကတော့ အသက်ပေးရမှာပေမယ့် Jayကတော့ သူမှန်းမသိပဲအသက်ဆက်ရှင်သွားတော့မည်။ Jayကလွဲပြီး ကျန်တဲ့လူတွေ အကုန်သိနေသည် ၊ သူကတော့ Jayကို မပြောလို ၊ သူမှန်းသိနေရင် Jayသည် လက်ခံမည့်ပုံမပေါ်။

"ဘယ်နေ့ ခွဲစိတ်ရမှာတဲ့လဲ"

"တစ်ဖက်ခါ "

"မေမေတို့ဖက်က မြန်နိုင်သမျှ မြန်ထားပေးတာ တစ်ဖက်လူက ကျန်းမာရေးမကောင်းလို့"

Jay၏်မိဘများအပြင် Lilyသည် သူ့ကို အားနာစိတ်များဖြင့် စိုက်ကြည့်နေသည်၊
Jayကတော့ ပျော်ရွှင်နေတာဖြစ်တာကြောင့် သူတို့ကို မရိပ်မိလိုက်ချေ။

DAISYDonde viven las historias. Descúbrelo ahora