Poe(ပိုး)Unicode

11.9K 129 26
                                    

အလုပ်ကိစ္စနဲ့ကုန်တိုက်ကိုရောက်တော့ တစ်ဟီးဟီးဟားဟားနဲ့ရီသံများကြားလို့လှည့်ကြည့်လိုက်တော့ ကောင်လေးများနှင့် ရီမောနေသောပိုးလေးကိုတွေ့လိုက်ရသည်။ဒီအချိန် ကျောင်းတွင်ရှိနေရမည်ကို ကုန်တိုက်သို့ရောက်နေသောပိုးလေးကြောင့်ဒေါသအလွန်ထွက်သွားပြီး ဖုန်းဆက်လိုက်သည်။

"ပိုးလေးဘယ်မှာလဲ"

"ကျောင်းမှာပါ မမ"

"သေချာလား ပိုး!"

"ဟုတ်မမ သေချာပါတယ် ဆရာဝင်လာလို့ ပိုးဖုန်းချတော့မယ်နော်"

"ပိုးလေး လာစမ်း ဘာသံမှမထွက်ပဲ ငါ့နောက်လိုက်ခဲ့!!!"ဟုဆိုကာ ပိုးလေးလက်မှဆွဲကာ ကားပါကင်သို့လျှောက်လာခဲ့သည်။ထို့နောက်ကားပေါ်သို့ပိုးလေးကို ပစ်တင်လိုက်ကာ အိမ်သို့မောင်းလာခဲ့သည်။ အိမ်သိုရောက်တော့

"အခန်းထဲသွားပြီးဒူးထောက်နေ ငါ ခဏနေလာခဲ့မယ်"

"ဟုတ်မမ"

ရုံးကကလေးမတစ်ယောက်ကိုဖုန်းဆက်ကာ ကုန်တိုက်မှအလုပ်ကိစ္စများကိုလုပ်ခိုင်းလိုက်တော့သည်။မီးဖိုချောင်ထဲဝင်ကာ ရေတစ်ခွက်သောက်ပြီး စိတ်လျော့ကာ အခန်းထဲသို့ဝင်လာတော့သည်။တံခါးဖွင့်လိုက်တော့ ပိုးကဒူးထောက်နေရာမှ

"မမ"ဟုမျက်ရည်ဝဲကာမျက်မှာငယ်နှင့်လှည့်ကြည့်သည်။

"မိပိုး!! ဒီနားကိုလာခဲ့"ဟု ကုတင်ပေါ်တွင်ထိုင်လိုက်ရင်းခေါ်လိုက်သည်။

"မိပိုး ပြောစမ်းပါဦး ဆရာလာလို့ဖုန်းချလိုက်တော့မယ် ဟုတ်လား?"

"မဟုတ်ပါဘူး မမ ပိုး တောင်းပန်ပါတယ် ပိုးမှားသွားပါတယ်"

"မနက်ကအိမ်ကထွက်သွားတုန်းက ထဘီနဲ့မဟုတ်ဘူးလား အခုကျတော့ စကပ်တိုလေးနဲ့ပါလား ပိုး!"

"......."

"​ဖြေလေ ဘယ်လိုဖြစ်တာလဲ ပါးစပ်မပါတော့ဘူးလား ခုဏက ကျတော့ ကုန်တိုက်တစ်ခုလုံးကြားလောက်တဲ့အသံနဲ့ရီမောနေပြီးတော့ အခုကျ အသံမထွက်တော့ပါလား ဟမ်?"

"..ဟင့်..."

"ငါဘာမှမလုပ်ရသေးဘူးနော် ပိုးပုလဲသွယ် ဒေါသအရမ်းမထွက်လာခင် မြန်မြန်ဖြေလိုက်ရင်ကောင်းမယ်ထင်တယ် အိမ့်မှုးမာန်ရဲ့စိတ်ကိုလာဆွနေတာလားဟမ်?"

One ShotWhere stories live. Discover now