"ဒေါက် ဒေါက် ဒေါက်"
"မေ! မေ! အခုတံခါးလာဖွင့်!"
"ရှင် လာပြီ ကိုကို"ဟုဆိုကာ ယုယမေတစ်ယောက် ကြည့်လက်စရုပ်ရှင်ကားကိုပိတ်ပြီး အခန်းတံခါးကိုအမြန်ပြေးဖွင့်လိုက်သည်။တံခါးဖွင့်ဖွင့်ပြီးချင်း ကိုကိုသည် မေရဲ့ ကုတင်ပေါ်တွင် ထိုင်ချလိုက်ကာ လက်ထဲကဗူးတစ်ဗူးကိုမြှောက်ပြပြီး
"ဒါ ဘာလဲ ဒေါ်ယုယမေ"
"ရှင် သကြားလုံးဗူးလေ ကိုကို"
"ဟမ်??"ဟု အူကြောင်ကြောင်ပုံလေးနဲ့ပြန်ပြောတာကြောင့် မေလည်း အာ ကိုကိုတကယ်မသိသေးဘူးပဲဟုတွေးပြီး
" သကြားချောင်းဗူးလေ ကိုကိုရဲ့ ဒီမြာ မေပြမယ်"ဟုဆိုကာ ကိုကိုလက်ထဲကဗူးကိုအမြန်ဆွဲယူလိုက်သည်။ပြီးနောက် ဗူးကိုဖွင့်ကာ အထဲမြ ဆေးလိပ်အစစ်နဲ့ရောထည့်ထားသော ဆေးလိပ်ပုံစံသကြားချောင်းကိုဆွဲထုတ်ကာ ကိုက်စားပြလိုက်သည်။
"ဒီမှာတွေ့လား သကြားချောင်းပါဆို ကိုကိုကလည်း အလန့်တကြား ဘာများလဲလို့"ဟု ပြောလိုက်ရာ ကိုကိုသည် အဓိပျပါယဖြောမြရသော အပြုံးတစ်ခုချိတ်ဆွဲကာ လက်ပိုက်လျက် မေ့ကိုစိုက်ကြည့်နေသည်။ခဏကြာသည်အထိ ဘာမှမပြောတော့မေကပင်
"ဘာလို့လဲ ကိုကိုရဲ့ မေပြောတာမယုံလို့လား ရော့ ဒီမှာစားကြည့်ပါလား" ဟုဆိုကာ ကိုက္လက္စ သကြားချောင်းကို ကိုကို့ပါးစပ်နားတေ့လိုက်တော့ ကိုကိုက
" အဲတာ သကြားချောင်းပေါ့? ဟုတ္လား"
"ဟုတ်တယ်လေ ကိုကိုရဲ့ မေ့ကိုယုံပါ ဆေးလိပ်မဟုတ်ပါဘူး ဆေးလိပ်ပုံတူသကြားချောင်းလေးတွေပါ"
" သေချာလား?"
"ဟုတ် သေချာပါတယ် ဒီမှာကြည့်ပါလား"ဟုဆိုကာမေက တစ်ချာင်းလုံးကုန်အောင်စားပြလိုကသည်။
"သေချာရင် တစ်ဗူးလုံးကုန်အောင်စားလိုက်လေ ကိုယ်ထိုင်ကြည့်နေမယ်"
"အမ် အကုန်စားလို့ရဘူးလေ"
"ဘာလို့လဲ?"
"ဟို...ချောင်း.."
"သကြားချောင်းဆို စားလေ အဲတစ်ဗူးလုံးကုန်အောင်စား ချောင်းဆိုးရင်ကိုယ် ဆေးဝယ်တိုက်မယ်"ဟုပိတ်ပြောလိုက်တော့ ချောင်းဆိုးမှာပေါ့ ကိုကိုရဲ့ဟု ပြန်ပြောမယ့် မေ့ရဲ့ဆင်ခြေလေးပင် လေထဲပျောက်ကွယ်သွားတော့သည်။