Weakness(Zawgyi)

1.2K 19 2
                                    

ည၈နာရီ

မင်းတည်တံဆိုသည့် အသက်၂၉နှစ်အရွယ်လူကြီးတစ်ယောက် လမ်းမပေါ်တွင် ကားတစ်စီးနှင့် ယောက်ယက်ခတ်နေကာ တစ်စုံတစ်ရာကိုအသည်းသန်ရှာဖွေနေသည်။ထိုစဉ် ဖုန်းတစ်လုံးဝင်လာကာ

"ကိုမင်း ရှာတွေ့ပြီ Beat clubမှာ"

"အေး အဲမှာစောင့်ကြည့်ထားလိုက် ငါအခုလာပြီ"

"ဟုတ် ကိုမင်း"

ဖုန်းကျသွားသည်နှင့်တစ်ပြိုင်နက် ထိုclubသို့ဦးတည်၍အမြန်ဆုံးနှုန်းဖြင့်မောင်းလာခဲ့သည်။clubရောက်တော့ အလွန်ပျော်မြူးစွာကနေသော အသက်၂၀ မိန်းကလေးတစ်ဦးကို တွေ့လိုက်တော့

"လာ အခုချက်ချင်းလိုက်ခဲ့"ဟုပြောကာ ထိုမိန်းကလေးအား လက်ကောက်ဝတ်မှ ဆွဲခေါ်တော့

"မလိုက်ပါဘူး ည မအိပ်ရင်ပြီးရောဆို ယောက်ျားလေးတွေမပါရင်ပြီးရောဆို ဒီလောက်လေးတောင်လုပ်လို့မရ...အာ့"

ထိုမိန်းကလေးကိုစကားဆုံးအောင်ပင်ပေးမပြောတော့ပဲ ပွေ့ချီလာခဲ့သည်။ကားပေါ်ရောက်တော့ထိုမိန်းကလေးမှ

"ဟက်ခ်"ဟုရီလိုက်သည်။

"ဘာရီတာလဲ?"

"အော် ကိုယ့်စကားကိုယ့်မတည်တဲ့ ယောက်ျားတစ်ယောက်ကိုတွေ့လိုက်လို့ပါ"

"ပုစိ မင်းဘာဖြစ်နေတာလဲ မင်းပါးစပ်ကိုပိတ်ထား အိမ်ရောက်မှရှင်းကြတာပေါ့"

"သဘောပါ"

ည၉နာရီ..

အိမ်ကိုပြန်ရောက်တော့ ဧည့်ခန်းကဆိုဖာပေါ်တွင် မင်းတည်တံထိုင်လိုက်ကာ ထိုမိန်းကလေးကိုပါ မျက်နှာချင်းဆိုင်တွင်ထိုင်စေပြီး စေ့စေ့ကြည့်ကာ

"ပုစိ မင်းဘာအချိုးချိုးတာလဲ ဖုန်းဆက်တော့လည်းမကိုင်ဘူး ဘယ်သွားမလဲဆိုတာလည်းခွင့်မတောင်းသွားဘူး ကိုယ်ဘယ်လောက်စိတ်ပူသွားလဲသိလား?"

"ပုစိ ဘာလုပ်လို့လဲ ဖုန်းကမကြားလိုက်လို့ မကိုင်လိုက်ရုံလေးပါ clubသွားမယ် လှမ်းပြောဖို့ကလည်းမေ့သွားရုံလေးပါ"

"ဘာ နှင်းလဲ့မေ!!!!! မင်း ကိုယ့်ကို အဲလိုအချိုးမျိုးလာချိုးမနေနဲ့ ပြော ဘာကိုမကျေနပ်လို့အခုလိုတွေလုပ်နေတာလဲဟမ်?"

One ShotWhere stories live. Discover now