ည၈နာရီ⏱⏱
မင်းတည်တံဆိုသည့် အသက်၂၉နှစ်အရွယ်လူကြီးတစ်ယောက် လမ်းမပေါ်တွင် ကားတစ်စီးနှင့် ယောက်ယက်ခတ်နေကာ တစ်စုံတစ်ရာကိုအသည်းသန်ရှာဖွေနေသည်။ထိုစဥ် ဖုန်းတစ်လုံးဝင်လာကာ
"ကိုမင်း ရှာတွေ့ပြီ Beat clubမှာ"
"အေး အဲမှာစောင့်ကြည့်ထားလိုက် ငါအခုလာပြီ"
"ဟုတ် ကိုမင်း"
ဖုန်းကျသွားသည်နှင့်တစ်ပြိုင်နက် ထိုclubသို့ဦးတည်၍အမြန်ဆုံးနှုန်းဖြင့်မောင်းလာခဲ့သည်။clubရောက်တော့ အလွန်ပျော်မြူးစွာကနေသော အသက်၂၀ မိန်းကလေးတစ်ဦးကို တွေ့လိုက်တော့
"လာ အခုချက်ချင်းလိုက်ခဲ့"ဟုပြောကာ ထိုမိန်းကလေးအား လက်ကောက်ဝတ်မှ ဆွဲခေါ်တော့
"မလိုက်ပါဘူး ည မအိပ်ရင်ပြီးရောဆို ယောက်ျားလေးတွေမပါရင်ပြီးရောဆို ဒီလောက်လေးတောင်လုပ်လို့မရ...အာ့"
ထိုမိန်းကလေးကိုစကားဆုံးအောင်ပင်ပေးမပြောတော့ပဲ ပွေ့ချီလာခဲ့သည်။ကားပေါ်ရောက်တော့ထိုမိန်းကလေးမှ
"ဟက်ခ်"ဟုရီလိုက်သည်။
"ဘာရီတာလဲ?"
"အော် ကိုယ့်စကားကိုယ့်မတည်တဲ့ ယောက်ျားတစ်ယောက်ကိုတွေ့လိုက်လို့ပါ"
"ပုစိ မင်းဘာဖြစ်နေတာလဲ မင်းပါးစပ်ကိုပိတ်ထား အိမ်ရောက်မှရှင်းကြတာပေါ့"
"သဘောပါ"
ည၉နာရီ..⏱⏱
အိမ်ကိုပြန်ရောက်တော့ ဧည့်ခန်းကဆိုဖာပေါ်တွင် မင်းတည်တံထိုင်လိုက်ကာ ထိုမိန်းကလေးကိုပါ မျက်နှာချင်းဆိုင်တွင်ထိုင်စေပြီး စေ့စေ့ကြည့်ကာ
"ပုစိ မင်းဘာအချိုးချိုးတာလဲ ဖုန်းဆက်တော့လည်းမကိုင်ဘူး ဘယ်သွားမလဲဆိုတာလည်းခွင့်မတောင်းသွားဘူး ကိုယ်ဘယ်လောက်စိတ်ပူသွားလဲသိလား?"
"ပုစိ ဘာလုပ်လို့လဲ ဖုန်းကမကြားလိုက်လို့ မကိုင်လိုက်ရုံလေးပါ clubသွားမယ် လှမ်းပြောဖို့ကလည်းမေ့သွားရုံလေးပါ"
"ဘာ နှင်းလဲ့မေ!!!!! မင်း ကိုယ့်ကို အဲလိုအချိုးမျိုးလာချိုးမနေနဲ့ ပြော ဘာကိုမကျေနပ်လို့အခုလိုတွေလုပ်နေတာလဲဟမ်?"