"ဟယ်လို နွေ အခုမှပဲဖုန်းကိုင်တော့တယ် ကိုယ်ဘယ်လောက်စိတ်ပူ.."
"ဟို ဟုတ် ကိုချစ်လွန်းဆွေ ယုယကတအားမူးနေလို့ ယွန်းကိုင်လိုက်တာပါ"
"နွေကမူးနေတယ်ဟုတ်လား အခုဘယ်မှာလဲ"
"အခု.....barမှာပါ"
"အဲမှာပဲစောင့်နေကြ"
ဟုဆိုပြီး နွေ့ဆီသို့အမြန်မောင်းလာခဲ့တော့သည်။ဟိုရောက်တော့ ခေါင်းတောင်မထောင်နိုင်တော့လောက်အောင်မူးနေတဲ့ နွေ့ကိုတွေ့လိုက်ရတော့ ဒေါသကထောင်းခနဲထွက်သွားသည်။ဘေးမှာ သူ့သူငယ်ချင်းတွေရှိတာနဲ့စိတ်ကိုလျော့လိုက်ပြီး
"နွေ!!ဘယ်လိုတွေတောင်ဖြစ်နေတာလဲ လာ "ဟုဆိုကာပွေ့လိုက်တော့ အတင်းရုန်းကန်းလာကာ
"မသွားဘူး မပြန်ဘူး သောက်ဦးမှာ ငါမမူးသေးဘူး အခုလွှတ်ပေး သောက်.."
"နွေ!!!!!!"ဟုအော်လိုက်မှ
"Daddy. .Daddyလား"ဟုဆိုကာတိတ်သွားသောကလေးမ
"အဲဒါဆို ကျွန်တော့်ကိုခွင့်ပြုပါဦး စိတ်ချပါ ကျွန်တော့်အမတို့အိမ်ကိုခေါ်သွားမှာပါ"ဟုပြောကာ ငမူးမလေးကိုပွေ့ကာခေါ်ခဲ့တော့သည်။ကားပေါ်ရောက်တော့ နွေကိုဘေးချပြီး အမကိုအကျိုးအကြောင်းလှမ်းပြောပြထားတော့သည်။အိမ်ရောက်တော့ အမကလည်းအင်္ကျီဘာညာလဲပေးကာ သူမ့အခန်းတွင် အိပ်စေတော့သည်။
.........
မနက်ရောက်တော့ အား ခေါင်းကိုက်လိုက်တာ ငါဘယ်ရောက်နေတာလဲဟုတွေးနေတုန်း"ယုယလေးနိုးပြီလား ရော့ဒါလေးသောက်လိုက် ခေါင်းကြည်သွားအောင်"ဟုဆိုကာဆွေ့အမက ခွက်ကိုနွေ့အားကမ်းပေးသည်။
"လွန်းဆွေက မနက်စာသွားဝယ်တယ် ခဏနေပြန်ရောက်လိမ့်မယ်နော် သံပုရည်လေးသောက်လိုက်ပါဦး အမရေသွားချိုးလိုက်ဦးမယ်"ဟုပြောကာအခန်းထဲမှထွက်သွားလေသည်။
"ဟုတ်"ဟုပြောကာသံပုရာရည်ကိုသောက်လိုက်ပြီးညကအဖြစ်အပျက်သွားကိုပြန်တွေးမိတော့သည်။
အာ သွားပြီ ပေါက်ကရတွေလုပ်လိုက်မိပြန်ပြီ အာ Daddyလို့လည်းခေါ်လိုက်မိတယ် အိးးးး ဒေါ်ယုယနွေရေ ဟင်းးခဏနေဆွေပြန်လာရင် အကျွေးခံရတော့မှာပဲ ဟုတွေးနေတုန်း