"ဖြောင်း"
"အာ့"
"လွန်းဆွေ နင်ဘာလုပ်တာလဲဟ သူများvapeပြုတ်ကျပြီးပျက်သွားရင် ဘယ်လိုလုပ်မလဲ"ဟု နွပြေန်ပြောလိုက်သည်။
နွေ ကျုရှင်အိမ်သာနောက်မှာ သူငယ်ချင်းတွေကစမ်းကြည့်ဆိုလို့ vape သောက်ကြည့်နေတုန်း နွရေဲ့သူငယ်ချင်း ချစ်လွန်းဆွေက လက်ကိုဖြတ်ရိုက်လိုက်တာ အီစိမ့်သွားတာပဲ။
ထို့နောက်နွကေို့မျက်ဒေါက်နီကြီးနဲ့စိုက်ကြည့်ပြီး
"ယုယနွေ နင် လာခဲ့"
ဟုဆိုကာ နွလေ့က်ကိုအတင်းဆွဲခေါ်လာသည်။
"လွန်းဆွေ ဖြေးဖြေးလုပ်ပါ ငါ့လက်နာနေပြီ"
ဟုပြောတော့လည်း ဘာမှပြန်မပြောပဲ ဆက်ဆွဲခေါ်လာသည်။ လွန်းဆွေက ၅ပေ၈လက်မတောင်လေ ခန္ဓာကိုယ်ကလည်းတောင့်တောင့်နဲ့အားကစားလိုက်စားတော့ နွလေို့၅ပေ၂လက်မ ဂျပုလေးကဘယ်လိုလုပ်ပြန်ရုန်းလို့ရတော့မှာလည်း။
လွန်းဆွေကစာကျက်နေကျချောင်ဘက်ကိုရောက်မှ လက်ကိုလွှတ်ပေးပြီး မျက်နှာချင်းဆိုင်လိုက်သည်။
"နွေ နင်ကမိန်းကလေးနော် ဘာလို့ယောက်ျားလေးတွေနဲ့အိမ်သာနောက်မှာ vape သောက်နေရတာလဲ"
"လွန်းဆွေကလည်း သူတို့ကစမ်းကြည့်ဆိုလို့ စမ်းကြည့်မလို့လုပ်တုန်းလေ နင် ရိုက်လိုက်တာ ငါမစမ်းလိုက်ရဘူး ဒီမှာကြည့်ဦး လက်လည်းနာသွားပြီ"ဟု ခုဏကအရိုက်ခံရတဲ့လက်ကိုပြလိုက်တော့ လက်ကို နောက်တစ်ချက်ထပ်ရိုက်လိုက်သည်။
"နင့်ကိုဒါထက်တောင်ရိုက်ချင်နေတာ နွေ ငါ အဲလိုလုပ်တာတွေမကြိုက်ဘူးလို့ပြောထားတယ် မဟုတ်လား ဟမ်?"
"နင်မကြိုက်တိုင်းငါကမလုပ်ရအောင် နင်ကဘာမို့လို့လဲ ချစ်လွန်းဆွေရဲ့ ငါ့ကိုအနိုင်ယူလို့ရတိုင်းနော် နင်အနိုင်မကျင့်နဲ့!"
"ဘာ ငါကနင့်ကိုအနိုင်ကျင့်နေတယ်ဟုတ်လား နွေ နင်ကမိန်းကလေး နင်ပေါင်းနေတဲ့အုပ်စုက ယောက်ျားလေးတွေလေ သူတို့စမ်းခိုင်းသမျှ လိုက်စမ်းစရာလား နင်ကစောက်ရူးလား ဦးနှောက်မပါဘူးလား လုပ်သင့်မလုပ်သင့်စဉ်းစားလေ "
![](https://img.wattpad.com/cover/279969856-288-k406754.jpg)