Zawgyi
အကျင့်ပါနေတဲ့ မျက်လုံးတို့ကြောင့် အစောကြီး နိုး
နေပြန်တယ်.......
လုပ်နေကျအလုပ်တွေလုပ်ရမယ်......
မျက်နှာသစ်ပြီး မှန်ကြည့်လိုက်တော့ ငိုထားတဲ့ မျက်လုံးတို့က မို့ဖောင်းလို့.....နေ့တိုင်းလိုလို မျက်ရည်နဲ့ အိပ်ရတဲ့ ရှောင်ကျန့်အတွက်
တော့ မထူးဆန်းတော့ပေ......
စာကြည့်စားပွဲပေါ်မှာ အသင့်တင်ထားတဲ့ မျက်မှန်ဝိုင်း
လေးကို ယူတတ်ပြီး မနက်စာပြင်ဖို့လုပ်ရသည်.....စီနီယာ့အတွက် ကြက်ဥထမင်းကြော် နဲ့ ဟင်းချိုတစ်
ခွက်.....
သူ့အတွက်ကတော့ ပေါင်မုန့်မီးကင်နဲ့ နွားနို့ပူပူတစ်
ခွက်....
ပြင်ပြီးတဲ့ မနက်စာဝိုင်းအပြင် ပျားသံပုရာရည်က အပိုပါဝင်နေသည်.....မနက်စာဝိုင်းကို ဝေ့ကြည့်ပြီး ရှောင်ကျန့်
ကိုယ့်လက်ကိုယ် ဖြတ်ခနဲ ရိုက်ချလိုက်သည်......
ပျားသံပုရာရည်ကို ဘာလို့လုပ်မိတာလဲ.....
ငါမုန်းတဲ့လူကို ဂရုစိုက်မိနေပြန်ပြီ......
ငါ့ဘာသာယူသောက်လိုက်ရတော့မလား......ပျားသံပုရာခွက်ကို လှမ်းယူပြီးမှ ပြန်ချထားလိုက်
သည်.....
ထားလိုက်ပါတော့ လုပ်ပြီးသွားပြီပဲ......စီနီယာက သူထမင်းမစားရသေးရင် ကိုယ်လည်းမစားရဘူးဆိုတာကြောင့် မနက်စာဝိုင်းမှာ ငြိမ်သက်စွာ ထိုင်
နေမိသည်......
သူပြောတဲ့စကားကို နားမထောင်မိရင်
အနိုင်ကျင့်ခံရမှာက ကိုယ်လေ.....ခဏကြာတော့ နီရဲနေတဲ့ မျက်ဝန်းတို့နဲ့အတူ ထမင်းစားခန်းထဲ ဝင်လာတဲ့သူ......
ဘာစကားမှမပြောဘဲ ပြင်ထားတဲ့ မနက်စာကိုစား
ပြီးပျားသံပုရာရည်ကိုသောက်ကာ အခန်းထဲပြန်ဝင်သွားသည်......ဘာလဲ ကျောင်းမသွားဘူးလား......
aww...ဒီနေ့ကျောင်းပိတ်တာပဲ.....
ရှောင်ကျန့်လည်း စားပြီး ပန်းကန်ဆေးကာ ကိုယ့်အခန်းထဲကိုယ်ဝင်လာလိုက်သည်......အချိန်ပိုင်း အလုပ်တွေပြန်လုပ်ရဦးမယ်.....
အိပ်ရာပေါ်ပစ်တင်ထားတဲ့ ဖုန်းလေးဆီက Noti ဝင်သံတွေကြောင့် ကြည့်လိုက်တော့ လျှောက်ထားတဲ့အချိန်ပိုင်း အလုပ်တွေအားလုံး
က လက်ခံတဲ့စာတွေ......
ရှောင်ကျန့်မျက်နှာလေး ပြုံးရွှင်သွားသည်....
အဆင်သင့်လိုက်တာ........
YOU ARE READING
Hate Vs. Love▪︎Completed▪︎
Jugendliteraturunicode ဒါဆို အရာအားလုံးက အတုအယောင်တွေပေါ့ ဟုတ်လား ရှောင်ကျန့်...... ငါမှားသွားပါတယ်....ငါပဲမှားသွားခဲ့တာပါ.... တောင်းပန်ပါတယ်....... (Wang yi bo) ဒါပေမယ့် ငါခင်ဗျားကို တကယ်ချစ်ခဲ့တယ်လေ စီနီယာ.... (Xiao Zhan) zawgyi ဒါဆို အရာအားလုံးက အတုအေယာင္ေတြေပါ...