Hate Vs. Love(part-16)

2.7K 160 3
                                    

Zawgyi


December ဆောင်းညရဲ့ ချမ်းအေးမှုက
အသည်းခိုက်မတတ်ပင်....
ထိုချမ်းအေးလှတဲ့အအေးဓာတ်ကြောင့်
ချစ်သူနှစ်ဦးကစောင်တစ်ထည်ကိုအတူခြုံ
ရင်းအိပ်ရာပေါ်မှာပူးပူးကပ်ကပ်နှင့်
တစ်ယောက်ကိုတစ်ယောက်ဖက်ထားကြသည်
မှာကြားလေသွေး၍မရအောင်ပင်...

ညကလည်းညဥ့်နက်မှတိုက်ခန်းပြန်ရောက်ပေမယ့်
နံနက်၃နာရီထိုးသည့်တိုင် အိပ်မပျော်
နိုင်သေးတဲ့ရှောင်ကျန့်ကို ခပ်တင်းတင်း
ဖက်ရင်း ရိပေါ်ပါမအိပ်ဖြစ်တော့ပေ....

"baby..မနက်ဖြန်အလုပ်သွားရမယ်
မဟုတ်လား..."

"ဟင့်အင်...စနေနေ့လေ စီနီယာ..."

"ဘာဖြစ်ဖြစ် အိပ်ပျော်အောင်အိပ်ပါဦးလား..
babyရဲ့....ကျန်းမာရေးထိခိုက်လိမ့်မယ်လေ.."

ခဏတာတိတ်ဆိတ်သွားတဲ့ရှောင်ကျန့်က
ရိပေါ်ရင်ဘတ်နားမျက်နှာအပ်ကာခါးကို
ဖက်ထားသည်....

"ငါအိပ်ပျော်နေတုန်း ခင်ဗျားပျောက်သွား
ရင် ဘယ်လိုလုပ်မလဲစီနီယာ..ဟင့်...
နေ့တိုင်းအဲလိုပဲ...ငါအိပ်ပျော်နေရင်
ခင်ဗျားရင်ခွင်ထဲရောက်နေပေမယ့်..ငါ..ဟင့်..
ငါမျက်လုံးဖွင့်လိုက်ရင် ခင်ဗျားက ဟင့်..
ငါ့အနားမှာမရှိတော့ဘူး..တစ်ခါတစ်ခါ..
ခင်ဗျားက ငါ့မျက်စိရှေ့မှာ ရှိနေပေမယ့်
ငါထိကိုင်လိုက်တိုင်း ပျောက်ကွယ်သွားခဲ့တာ..
ဟင့်..အဲလိုတွေကြုံရတိုင်း...ဟင့်..အဲလိုတွေ
ခင်ဗျားကိုမြင်နေရတိုင်း...ငါ..ငါ..ဟင့်.."

◇မင်းမရှိတဲ့နေ့ရက်တွေဟာ
ငါ့အတွက်နေရောင် လရောင်မရှိတဲ့ကမ္ဘာ။

မင်းမရှိတဲ့နေ့ရက်တွေမှာ
ငါဟာပုံရိပ်ယောင်လိုကမ္ဘာထဲမှာ
ဖြတ်သန်းခဲ့ရတယ် ဆိုတာ
မင်းသိပါ့မလားချစ်ရသူ။

မင်းရဲ့ပုံရိပ်လေးတွေကိုမြင်တိုင်းထိတွေ့ချင်ပေမယ့်
တိမ်ဆိုင်တွေလိုပျောက်ကွယ်သွားတတ်လို့
ငါဟာ ဒီအတိုင်းလေးပဲ ငေးကြည့်နေခဲ့ရတယ်။ ။◇

ခုအချိန်မှာ ရှောင်ကျန့်အတွက် အောင်မြင်မှု
တွေရနေတဲ့ designer တစ်ယောက်ပေမယ့်
စီနီယာမပါဘဲဖြတ်သန်းခဲ့ရတဲ့အချိန်တွေက
သူ့အတွက်ကြမ်းတမ်းလွန်းခဲ့ပါသည်.....

Hate Vs. Love▪︎Completed▪︎Where stories live. Discover now