Hate Vs. Love(final)

4.6K 192 5
                                    


Zawgyi



"ကျွန်တော့်ကိုတွေ့ချင်တာ ဘာကိစ္စများ
လဲ Jame ဆူရီ....."

"အရင်လို Darling လို့ခေါ်ပါဦးလား
Honey"

"ကျစ်!!ခင်ဗျားနဲ့ ကျွန်တော်ကအဲလို ဆက်ဆံရေး
ဟုတ်မနေတော့ဘူး.....လိုရင်းသာပြော Jame ဆူရီ"

ရိပေါ်ထိုလူကိုကြည်မနေပါချေ....
Baby လေးနဲ့ မနက်စာစားနေတုန်း သူ့ဆီဖုန်း
ဆက်ကာ ခေါ်လာသည်....
Baby လေးသိရင် စိတ်ပူနေမှာစိုးတာကြောင့်
အလုပ်ကိစ္စဟုသာပြောပြီး ထွက်လာခဲ့ရသည်...
ရောက်ပြန်တော့လည်း အချိန်အတော်ကြာ
အောင်စိုက်ကြည့်နေတဲ့ ထိုလူကြောင့် ရိပေါ်က
သာ စကားစလိုက်ရသည်....
အရည်မရအဖတ်မရပြောနေသည့်ထိုလူကို
ဆွဲထိုးချင်လာပြီဖြစ်သည်....

ရိပေါ်ဒေါသထွက်လာသည်ကိုသိသည့်
Jame ဆူရီက ခပ်ဟဟ ရယ်လာသည်....

"ကောင်းပါပြီ ကောင်းပါပြီ လိုရင်းဆိုလည်း
လိုရင်းပေါ့....ကိုယ်ပြောချင်တာက မင်းကိုယ့်
ဆီပြန်လာပေးဖို့ နဲ့ ရှောင်ကျန့်နဲ့ဘာပတ်သက်မှု
ရှိလဲဆိုတာပဲ..."

ထိုလူရီပေါ်ကို တစ်ချိန်က ဘယ်လိုလုပ်ခဲ့တယ်
ဆိုတာ မှတ်မိနေပါသေးရဲ့လား....
သိရဲ့သားနဲ့ မျက်နှာပြောင်တိုက်စွာ ပြန်လာဖို့
ပြောရဲနေသေးတာ ဘယ်လို အရှက်မရှိတဲ့လူလဲ?

"တစ်အိမ်ထဲမှာ အတူနေတဲ့ လူနှစ်ယောက်....
သာမန်ထက်ပိုနေတဲ့ ဆက်ဆံရေးရှိတဲ့လူနှစ်ယောက်
ကို ဘယ်လိုပတ်သက်မှုရှိလဲမေးနေတာ
ဘယ်လိုအသုံးမကျမှုလဲ Jame ဆူရီ.....
ဘာရယ် ပြန်လာဖို့ ဟုတ်လား...အဟက်....
ခုချိန်ထိတောင် တစ်ကိုယ်ကောင်းဆန်နေတုန်း
ပါ့လား.....နဂိုကတည်းက စိတ်ဒဏ်ရာရှိနေ
ပြီးသားဆိုတာ သိနေရဲ့နဲ့ ပိုပြီး စိတ်ဒဏ်ရာပေး
ခဲ့တဲ့ ခင်ဗျားလို လူဆီ ပြန်လာဖို့ဆိုတာ
ဖြစ်နိုင်ပါ့တော့မလား....."

တစ်ခွန်းဆိုတစ်ခွန်း ခေါင်းငြိမ့်တန်တဲ့ကောင်လေး
က တစ်ခွန်းမကျန်ပြန်ပြောနေတာကြောင့်
Jame အံ့ဩမိတာတော့ အမှန်.....
မတွေ့ရတာကြာတဲ့နှစ်တွေမှာ လူတစ်ယောက်က
သူမတူအောင် ပြောင်းလဲသွားနိုင်လို့လား....

Hate Vs. Love▪︎Completed▪︎Where stories live. Discover now