Hate Vs. Love(part-12)

2.6K 172 5
                                    

Zawgyi



ရှောင်ကျန့်သတိရလာတော့ သူ့တစ်ကိုယ်
လုံး နွေးထွေးတဲ့ ရင်ခွင်တစ်စုံထဲမှာ....
ရင်းနှီးနေတဲ့ကိုယ်သင်းနံ့လေးကြောင့်
မော့ကြည့်မိတော့ ချစ်ရတဲ့စီနီယာ....
မမျှော်လင့်ခဲ့ဘူး....မမျှော်လင့်ရဲခဲ့တာ....
ခုလိုမျိုး စီနီယာ့ရင်ခွင်ထဲမှာထပ်နေရဖို့
မမျှော်လင့်ရဲခဲ့တာ......

ရှောင်ကျန့်သူ့ကိုယ်လုံးလေးကို ခပ်ဖွဖွ
ဖက်ကာ အိပ်ပျော်နေသည့် စီနီယာ့
မျက်နှာလေးကိုမော့ကြည့်ရင်း ရှိုက်ကာ
ရှိုက်ကာငိုနေမိပါသည်.....
ငါအရမ်းလွမ်းနေတာ...
ငါ့ကိုနွေးထွေးမှုတွေပေးတဲ့ခင်ဗျားကိုလွမ်းတယ်.....
ငါ့ကိုဂရုစိုက်ပေးခဲ့တဲ့ ခင်ဗျားကိုလွမ်းတယ်...
ငါ့ကိုချစ်ပေးခဲ့တဲ့ ခင်ဗျားကိုလွမ်းတယ်....

ရိပေါ်ရဲ့ခါးကို ဆေးပိုက်အသွယ်သွယ်တပ်
ဆင်ထားတဲ့ လက်ကလေးနဲ့ဖက်ကာရင်ခွင်မှာ
မျက်နှာအပ်ရင်း အသံတိတ်ငိုနေမိသည်.....

◇ငါမမျှော်လင့်ရဲတဲ့ ငါရဲ့မျှော်လင့်ခြင်း
အရာလေးကို အဖိုးမဖြတ်နိုင်တဲ့
ပစ္စည်းလေးတစ်ခုအဖြစ်
တစ်သက်စာ ကိုင်ဆုပ်ထားချင်မိတယ်။ ။ ◇

>>>>>>>>>>>>>>>>>>>>

ညတုန်းကတစ်ညလုံးယောင်ကာ အဖျား
ကြီးနေတဲ့ရှောင်ကျန့်ကို ပြုစုရင်း မအိပ်
လိုက်ရတာကြောင့် မနက်မိုးလင်းလုမှ
အိပ်ပျော်သွားခဲ့ရသည်.....
နားထဲခပ်တိုးတိုးကြားနေရတဲ့ အသံ
တစ်ချို့ကြောင့် မျက်လုံးအစုံကိုအသာဖွင့်
ကြည့်မိတော့ သူ့ကိုဖက်ကာ ရင်ခွင်မှာ
မျက်နှာအပ်ကာ အသံတိတ်ရှိုက်ကာငို
နေသည့် ကောင်လေး....

ရိပေါ်သက်ပြင်းချကာရင်ခွင်ထဲကကောင်လေး
ခေါင်းကိုအသာပွတ်ပေးလိုက်တော့ ရှိုက်သံ
လေးကတိခနဲတိတ်သွားကာ သူ့ကိုဖက်ထား
တဲ့ လက်ကပိုမိုတင်းကြပ်သွားသည်....

"ရှောင်ကျန့်...."

"....."

တဆိတ် ကောင်လေးကိုယ်ကတုန်နေသလား?...
တစ်ကိုယ်လုံးရိပေါ်ကိုယ်လုံးထဲဝင်မတတ်
တင်းကြပ်နေအောင်ဖက်ထားတဲ့ကောင်လေး
ကိုယ်က တဆပ်ဆပ်တုန်ယင်လာတာကြောင့်
ရိပေါ်စိတ်ပူမိသည်....
ဘာဖြစ်ပြန်ပြီးလဲကောင်လေးရယ်....

Hate Vs. Love▪︎Completed▪︎Where stories live. Discover now