Zawgyi"မနေ့ကအဆင်ပြေရဲ့လား?"
ချန်ဖေးစကားလာပြောပြန်ပြီ......
ရှောင်ကျန့်တစ်ယောက် ဟိုကြည့် ဒီကြည့်လုပ်
ပြီးမှ သက်ပြင်းကိုခပ်မျှင်မျှင်ချလိုက်တယ်......"အဆင်ပြေပါတယ်..."
စီနီယာက မနေ့ကဘာတွေစိတ်ကောင်းဝင်
နေမှန်းမသိပေမယ့် ဒီနေ့တော့ စိတ်ကောင်း
ဝင်မယ်မပြောတတ်ဘူးလေ......
မတော်လို့တွေ့သွားရင် အပြစ်နှစ်ခု
ပေါင်းသွားလိမ့်မယ်......လီချန်ဖေးက ရှောင်ကျန့်ရှေ့ကခုံမှာ
မျက်နှာချင်းဆိုင်ဝင်ထိုင်သည်....
နက်စွေနေတဲ့မျက်ဝန်း ...
ခပ်ကြီးကြီး မျက်ခွံ....
နှာခေါင်းချွန်ချွန်....
နီညိုရောင် နှုတ်ခမ်းထူထူ....
ခပ်သွယ်သွယ်မျက်နှာပေါက်ကြောင့်
လီချန်ဖေးကမိန်းမဆန်ဆန်ချောတဲ့အထဲပါသည်.....ရှောင်ကျန့်ခုံပေါ်လက်တင်ကာ
တစ်ဖက်ကမေးထောက်ထားသည်...."မနေ့ကအခြေအနေကိုကြည့်ရတာ
စီနီယာ ဝမ်ရိပေါ်က မင်းကို တော်တော်
နှိပ်စက်ပုံပဲ.....ငါကြားထားတာတွေနဲ့
တခြားစီပဲ.....""......."
ရှောင်ကျန့်ခေါင်းသာငုံ့ထားလိုက်မိသည်....
ရှောင်ကျန့်ကို မေးထောက်ကာကြည့်နေတဲ့
လီချန်ဖေးက ရှောင်ကျန့်ပုံစံကို အားမရသဖွယ်
မျက်မှောင်ကျုံ့ကာမေးလာသည်က...."မင်းကိုအဲလိုတွေလုပ်နေတာ
စိတ်မပျက်ဘူးလား......""စိတ်ပျက်ပေမယ့် ငါ့မှာပြန်တုန့်ပြန်ရဲတဲ့
အင်အားမှမရှိဘဲ.....ဒီအတိုင်းလေးပဲ
နေသားကျနေပါပြီ......"လီချန်ဖေးကို အပြုံးနဲ့ပြောနေပေမယ့်
ရှောင်ကျန့်ရဲ့အပြုံးက ပီပြင်မနေ...."မင်းကငြိမ်ခံနေတာကို အဲဒါကြောင့်
ဝမ်ရိပေါ်နှိပ်စက်တာခံနေရတာ....""ငြိမ်မနေလို့ငါကဘယ်လိုလုပ်ရမှာလဲ...."
ရှောင်ကျန့်ရဲ့ သိချင်ဇောနဲ့အမေးကြောင့်
လီချန်ဖေး မျက်နှာမှာအပြုံးတစ်ခု
ပေါ်လာသည်....."ဝမ်ရိပေါ်က အချစ်ကိုမယုံတဲ့သူလို့
ငါကြားဖူးတယ်....မင်းလက်စားမချေ
ချင်ဘူးလား..."
YOU ARE READING
Hate Vs. Love▪︎Completed▪︎
Ficção Adolescenteunicode ဒါဆို အရာအားလုံးက အတုအယောင်တွေပေါ့ ဟုတ်လား ရှောင်ကျန့်...... ငါမှားသွားပါတယ်....ငါပဲမှားသွားခဲ့တာပါ.... တောင်းပန်ပါတယ်....... (Wang yi bo) ဒါပေမယ့် ငါခင်ဗျားကို တကယ်ချစ်ခဲ့တယ်လေ စီနီယာ.... (Xiao Zhan) zawgyi ဒါဆို အရာအားလုံးက အတုအေယာင္ေတြေပါ...