Zawgyi
ရိပေါ်ဆီကစာရပြီးတဲ့နောက်ပိုင်းမှာ
ရှောင်ကျန့်ကပြုံးပြုံးရွှင်ရွှင်နဲ့ကျောင်းပြန်
တက်သည်.....
စားဝတ်နေရေးအတွက် အချိန်ပိုင်းအလုပ်
တွေပြန်လုပ်သည်....
အားတဲ့အချိန်မှာလည်း တကုပ်ကုပ်နဲ့
စာလုပ်နေတတ်သည်.....◇သိပ္ပံပညာအရလူတွေကိုခိုင်းစေတာဦးနှောက်တဲ့
တကယ်တော့လူတွေဟာစိတ်ရဲ့စေရာအတိုင်း
ရှင်သန်နေရတာ.....
ငါ့ရဲ့ရှင်သန်ရာကတော့ စီနီယာဆိုတဲ့
မင်းတစ်ယောက်တည်း....
မင်းက ငါ့ရဲ့သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်
ပေးနိုင်တဲ့ ငါ့ရဲ့တစ်ဦးတည်းသော နတ်ဘုရား..◇စီနီယာ့ကိုလွမ်းလာတဲ့အခါ စီနီယာ့
အခြေအနေကိုသိချင်လာတဲ့အခါမျိုးမှာ
ဟောက်ရွှမ်းကောနဲ့ကျန်းချန်ကောကို
အပူကပ်တယ်......
စီနီယာကကိုရီးယားမှာ ကျောင်းတက်ရင်း
wang gp ပိုင်တဲ့ကုမ္ပဏီခွဲတစ်ခုကို ဦးစီး
နေသည်တဲ့.....TV အစီအစဉ်တွေမှာစီနီယာပါလာတဲ့
အခါမျိုးတွေတောင်ရှိနေပြီ....
စီနီယာကအရမ်းတော်တယ်.....
စီနီယာ့ဘေးမှာလူချမ်းသာတွေဖြစ်တဲ့
မိန်းကလေးတွေနဲ့တွဲမြင်တိုင်း
ကိုယ့်ကိုကိုယ် သိမ်ငယ်နေမိသည်....
သူကပြီးပြည့်စုံနေတဲ့လူမှမဟုတ်ပါဘဲ....
စီနီယာကသူ့ကိုစွန့်ပစ်မယ် ဆိုရင်တောင်
ပြန်ဆွဲထားနိုင်တဲ့အင်အား သူ့မှာ
ရှိမနေဘူး......တစ်ခြားတစ်ယောက်ကိုရင်မဖွင့်တတ်
တဲ့သူ့အတွက် အဲဒီလို သိမ်ငယ်စိတ်တွေ
ဝင်လာရင် စီနီယာရေးထားတဲ့စာကိုဖတ်ပြီး
စီနီယာ့အခန်းထဲမှာ ငိုရင်းနဲ့သာ အချိန်ကုန်
ဖြစ်သည်.....
တဖြည်းဖြည်းနဲ့ စီနီယာနဲ့သူ့ရဲ့အခြေအနေက
ကွာခြားလွန်းနေပြီ မဟုတ်ပါလား....ကျောင်းတက်နေတဲ့အတောအတွင်းမှာ
လီချန်ဖေးကိုလည်းမမြင်မိတော့ဘူး....
ကိုရီးယားကိုပြန်သွားသလား ...
ကျောင်းပဲပြောင်းသွားသည်လားပင်မသိ....
လီချန်ဖေးကိုအစပြုလို့ရှောင်ကျန့်က
ဘယ်သူ့ကိုမှ အယုံအကြည်မရှိတော့သလို
ပိုပြီးသီးသန့်ဆန်လာခဲ့သည်....
ဟောက်ရွှမ်းးကောနဲ့ ကျန်းချန်ကောကတော့
သူတို့အားတဲ့အချိန်တိုင်းရှောင်ကျန့်ဆီ
အဖော်လာနေပေးပါသည်....
YOU ARE READING
Hate Vs. Love▪︎Completed▪︎
Teen Fictionunicode ဒါဆို အရာအားလုံးက အတုအယောင်တွေပေါ့ ဟုတ်လား ရှောင်ကျန့်...... ငါမှားသွားပါတယ်....ငါပဲမှားသွားခဲ့တာပါ.... တောင်းပန်ပါတယ်....... (Wang yi bo) ဒါပေမယ့် ငါခင်ဗျားကို တကယ်ချစ်ခဲ့တယ်လေ စီနီယာ.... (Xiao Zhan) zawgyi ဒါဆို အရာအားလုံးက အတုအေယာင္ေတြေပါ...