Unicode
ချင်းမိုင်မြို့ရှိ အလယ်တန်းကျောင်းလေးတကျောင်းတွင် နေ့လည်ကျောင်းဆင်းချိန်ဖစ်တာကြောင့် ပြေးလွှားဆော့ကစားနေကြတဲ့ ကလေးများကိုတွေ့ရတယ်
ဟေး bright ငါ့တို့ကိုလိုက်ဖမ်း....ဟားးဟားး
Bright-မိရင်မလွယ်ဘူးမှတ်မင်းတို့တွေ...
bright ဆိုတဲ့ 3 တန်းကျောင်းသားလေးဟာလဲ သူ့သူငယ်ချင်းတွေနဲ့အတူ စိန်ပြေးလိုက်တန်း ဆော့နေကြတယ်
bright ဆိုတဲ့ကလေးဟာ သူ့နာမည်လေးအတိုင်း မျက်နှာလေးက ကလေးရုပ်ဖစ်ပေမဲ့ချောမောလွန်းတယ် သူဌေးသားလေးတယောက်ဖစ်လို့ ဝတ်ပုံစားပုံကလဲသေသပ်တာကြောင့် ကလေးများကြားထဲမှာ မြင်လိုက်ရုံတဲ့ထင်းနေတဲ့
ခလေးတယောက် အပြုံးချိုချိုလေးနဲ့ အပေါင်းအသင်းများပီးလူချစ်လူခင်ပေါတဲ့ ခလေးလေးပေါ့Bright- ဟားးးးမိပီကွ win မင်းလိုက်ရမဲ့အလှည့်ပဲ blah blah ဆိုပီး လျှာထုတ်ကာပြောင်ပြပီး ပြေးသွားတဲ့bright
Win ဆိုတဲ့ကလေးကတော့ ဖြူဖြူ လုံးလုံး ချစ်စရာကလေးငယ်လေးတယောက်ပေါ့ နှုတ်ခမ်းဖူးဖူးလေးတွေနဲ့ ရီလိုက်ရင် ပေါ်လာတဲ့ ရှေ့သွားလေး၂ ချောင်းကြောင့် ဖြူစင်တဲ့ယုန်ပေါက်လေးသဖွယ်
Win- bright မင်းကငါ့ကိုဖမ်းတယ်ပေါ့ တော်ပီကွာ မဆော့တော့ဘူး
Win က စိတ်ကောက်လဲသန်ပါသေးတယ် သူရှုံးရင်အဲ့လိုလဲညစ်တတ်သေးBright - ဟာ...winကလဲ ကစားတာပဲကို မင်းကိုမိလို့ဖမ်းလိုက်တာလေကွာ လာပါပြန်ဆော့ရအောင်
Bright ကတော့ win စိတ်ကောက်တိုင်းချော့နေကြပေါ့Win- မဟုတ်ဘူး မင်းကသက်သက် ငါ့ကိုပဲလိုက်ဖမ်းနေတာ ကျန်တဲ့သူတွေကမဖမ်းဘူး တော်ပီ ငါမဆော့တော့ဘူး အခန်းထဲ ပြန်တော့မယ်
Bright- မင်းကလေ အမြဲအဲ့လိုကြီးပဲ ရှုံးပီဆိုတာနဲ့ မဆော့တော့ဘူး အကျင့်ကိုက
Win- ဘာဖစ်လဲကွာ မကျေနပ်ဘူးလား
ကလောင်...ကလောင်...ကလောင်
ကလေးတွေစကားများနေတုန်းမှာပဲ ကျောင်းခေါင်းလောင်ထိုးသွားတော့ စာသင်ခန်းထဲအပြေးဝင်သွားကြတယ်
YOU ARE READING
Soulmate (complete)
Fanfiction-မင်းရဲ့ဘဝတစ်လျှောက်လုံး အနားမှာရှိပေးမဲ့သူ.... -မင်းကိုအမြဲနားလည်ပေးပီး တခြားသူတွေထက် မင်းကိုယုံကြည်ပေးမဲ့သူ.... -ပြီးတော့ ဘာတွေပဲဖြစ်နေပါစေ သူကမင်းကိုအမြဲချစ်သွားမဲ့သူ.... Soulmate -မင်းရဲ့ဘဝတစ်လျှောက်...