Top ထွက်သွားတော့ bright win အနားပြန်လာခဲ့တယ် ကုတင်နားရောက်တော့ win ရဲ့လက်လေးကိုဆုပ်ကိုင်ပီး
Bright - ကိုယ့်အတ္တကြီးနေမိပီလားဟင်....ကိုယ်ကြောင့် win ပင်ပန်းနေရပီလား...ဘလိုလဲစဥ်းစား စဥ်းစား ကိုယ်လက်မလွှတ်နိုင်ဘူးကွာ...win ကိုယ့်ကိုကတိပေးခဲ့တယ်လေ ကိုယ်ဆီဆက်ဆက်ပြန်လာမယ်ဆို....အခုကိုယ့်ဆီအမြန်ပြန်လာပါတော့ကွာ...ဒီပုံစံအတိုင်း ကိုယ်win ကိုလက်လွှတ်လိုက်ရတော့မှာလားကွာ...
win ရဲ့လက်လေးကို သူ့လက်လေးနှစ်ဖက်နဲ့ဆုပ်ကိုင်ကာ နှဖူးထားကပ်ထားလိုက်ရင်း ခေါင်းငုံ့ကာ မျက်ရည်တသွင်သွင်ကျနေမိတော့တယ်...
.....................Bright - ကျွန်တော့ကို တစ်လအချိန်ပေးပါ p'top
ရုတ်တရက် bright စကားပြောစရာရှိတယ်ဆိုပီးသူ့အခန်းထဲဝင်လာကာရုတ်တရက်ပြောလိုက်တာကြောင့် အံ့သြမိတယ် အဲ့နောက် bright ဆက်ပြောလာတဲ့စကားကြောင့် သက်ပြင်းချရပြန်တယ်
Bright - ဒီတစ်လပီးလို့ win သတိမရလာခဲ့ရင် အကိုတို့ပြောသလိုလုပ်ပါ့မယ်
Top - bright အဆင်ပြေရဲ့လား
တဂယ်လို့ အဆင်မပြေရင်မလုပ်ပါနဲ့Bright - နောက်လ ကျွန်တော်တို့ ၁၀ နှစ်ပြည့် anniversary ရှိတယ်အကို အဲ့နေ့လေးတော့ win နဲ့အတူရှိချင်သေးတယ်
Top - bright အဆင်ပြေသလိုလုပ်ပါ တဂယ်လို့စိတ်ပြောင်းသွားရင်လဲအချိန်မရွေးပြောလို့ရတယ်
Bright - ဟုတ် p'top
ဒီလို့နဲ့ တစ်လလုံး bright win အနားမှာအရိပ်တကြည့်ကြည့်ဂရုစိုက်စောင့်ရှောက်ပေးခဲ့ပေမဲ့ win ကတော့အရင်အတိုင်း အိပ်စက်လျက်သာ...
.........................ဒီနေ့လေးက bright နဲ့ win တို့ ချစ်သူသက်တမ်း ၁၀နှစ်ပြည့် bright win ကိုရေပတ်တိုက် ကိုယ်လက်သန့်ပေးလိုက်ပီး သူကိုယ်တိုင်လဲ shirt အဖြူလက်ရှည်နဲ့ စတိုင်ဘောင်းဘီအညိုရောင်လေးဝတ်ဆင်လိုက်တယ် လက်မှာတော့ win ပေးထားတဲ့ handchain လေးကနေရာယူပီး လည်ပင်းမှာတော့သူမွေးနေ့လက်ဆောင်ပေးခဲ့တဲ့ နေမင်းပုံစံဆွဲကြိုးမျှင်လေးက တလက်လက်
ခဏနေတော့ အပြင်ထွက်သွားလိုက်တယ်...
![](https://img.wattpad.com/cover/280127198-288-k91946.jpg)
YOU ARE READING
Soulmate (complete)
Fanfiction-မင်းရဲ့ဘဝတစ်လျှောက်လုံး အနားမှာရှိပေးမဲ့သူ.... -မင်းကိုအမြဲနားလည်ပေးပီး တခြားသူတွေထက် မင်းကိုယုံကြည်ပေးမဲ့သူ.... -ပြီးတော့ ဘာတွေပဲဖြစ်နေပါစေ သူကမင်းကိုအမြဲချစ်သွားမဲ့သူ.... Soulmate -မင်းရဲ့ဘဝတစ်လျှောက်...