Soulmate ep6

1K 51 12
                                        

Bright ဒီနေ့တော့ သူ့စိတ်ကူးကိုအကောင်ထည်ဖော်ဖို့အတွက် ကျောင်းကိုစောစောခဲ့တယ်

Mike - အက်မယ် ကြားသားမိုးကြိုး မင်းကစောလာ လို့ပါလား

Boss- အေးလေ အမြဲနောက်ကျတဲ့ကောင်က ဒီနေ့မှ

Bright - အဲ့တာတွေ နောက်မှမေးကွာ အခုငါနဲ့လူတယောက်ကူရှာပေးအုံးအရေးကြီးလို့

Mike - ဘာအရေးကြီးတာလဲ မင်းဆီကပိုက်ဆံချေးသွားလို့လား

Bright - မင်းတော်တော်စကားများတဲ့ကောင်ပဲ အရင်ရှာပေးနောက်မှပြောပြမယ်

Boss - အဲ့တာဆိုလဲ နာမည်ပြောကွာ ဝိုင်းရှာပေးမယ်

Bright - နာမည်လား နာမည်တော့မသိဘူးကွ

Boss - shiaaa နာမည်မသိပဲဘလိုရှာရမာလဲ မင်းဟာက

Boss စကားကြောင့် bright ပြုံးမိသွားတယ် သူအခုရှာမဲ့လူကမှ မေဂျာကိုသိသေးတယ် တဂယ်သူရှာချင်တဲ့သူကိုဖြင့် ဘာမှကိုမသိတာကို

Bright - လုပ်ပါကွာ သေချာတာတော့ ငါတို့မေဂျာကပဲ ဟိုတခါ ကန်တင်းမှာတွေတာလေ ချစ်စရာလေးကောင်လေးနဲ့လေ အေ...သူ့ဘေးကသူငယ်ချင်းက ငါတို့မေဂျာ uniform ဝတ်ထားတာမှတ်မိလား သူလေ

Mike - အင်း ရုပ်မြင်ရင်တော့မှတ်မိမာပါ ဒါနဲ့မင်တဂယ်ရှာချင်တာသူရောဟုတ်လို့လား ငါသိနေတယ်နော်

Bright - အေးကွာ ငါရှာချင်တာ ဟိုကောင်လေးကို ဒါမဲ့ သူ့အကြောင်းကဘာမှမသ်ိလို့ သူ့သူငယ်ချင်းကိုအရင်ရှာရမာ ရပီလား

Boss - ဟား.....အေးပါကွာ ရှာပေးပါ့မယ် တွေ့ရင်တော့တဝိုင်းနော်ဟေ့ကောင်

Bright - အရင်သာရှာစမ်းပါ တွေရင်စိတ်ကြိုက်ဖစ်စေရမယ်ကွာ

Mike Boss - ok. deal
ဆိုပီး သဘောတူညီချက်ရကာ စတင်ရှာဖွေတော့တယ်
မေဂျာတူတာသာသိပေမဲ့  ဘယ်အခန်းကမှန်းမသိတာကြောင့် တခန်းဝင်တခန်းထွက်နဲ့လိုက်ရတာ လွယ်တော့မလွယ် bright ဝင်လာတာနဲ့ ထအော်တဲ့ကောင်မလေးတွေကလဲ ရှိသေး
ဟူး.....ဟိုကောင်လေးကြောင့်သာအဲ့လောက်စိတ်ရှည်ရှည်ထားပီးရှာနေရတာ လူလဲညောင်းချိနေပီ

Mike - bright မင်းဟာက ဒီနေ့တွေ့ပါအုံးမလားကွာ

Boss - အေး ကျောင်းရောတက်ရဲ့လာမသိဘူး

Soulmate (complete)Where stories live. Discover now